တိုးဝင်လာသည့် လေအေးအေးတွေကြောင့် စောင်ကိုယူကာ ခြုံလိုက်သည် ။ လစ်ဟာသွားသည့် အရာတစ်ခုကြောင့် စေတန် မျက်လုံးဖွင့်လိုက်၏ မွေ့ယာထက်မှာ သူတစ်ယောက်ထဲ ရှိနေတာပင် ။ ဖုန်းကိုဖွင့်ကာ နာရီကြည့်မိတော့ မနက် 6 နာရီ ။ ခြင်ထောင် ကို မလိုက်ရင်းအခန်းအပြင်ထွက်လာတော့ ထမင်းစားခန်းမှာ ဟင်းချက်နေသော အမေ့ကိုတွေ့ရသည် ။
"အမေ ဘုန်းမြတ်ရော "
"မုန့်တွေသွားပို့တယ်သားရဲ့ ။ အစောကြီး ရှိသေးတာပဲ ခဏပြန်အိပ်လိုက်ဉီး "
"ကျွန်တော် မအိပ်တော့ဘူး ။ အမေ့ကို လုပ်ကူမယ် ။ အခု မျက်နှာသစ်ဉီးမယ် ။ "
"အေးအေး ။ "
မျက်နှာသစ်ပြီး ဟင်းချက်နေသော အမေ့ကိုလုပ်ကူသည် ။ အိမ်ရှေ့ကိုလည်း ကြည့်နေမိတာ အကြိမ်ကြိမ်အခါခါ ပင် ။ မကြာပါ ကလစ်ဘီးအသံလေးကြားတော့ လုပ်လက်စကို ရပ်ကာ အိမ်ရှေ့ကို အပြေးသွားလိုက်သည် ။
"ဘုန်းမြတ်"
"အယ် အစောကြီးရှိသေးတာကို ပြန်အိပ်ဉီးလေ ကျွန်တော် ပြီးမှလာပြန်နှိုးမယ် ။"
"မနက်အစောကြီး ဘယ်တွေ သွားနေတာလဲ ။ဘာလို့ ကိုယ့်ကို မနှိုးရတာလဲ ။ "
"မုန့်တွေ လုပ်ပြီးသွားပို့နေတာလေ ။ မနှိုးဘူးဆိုတာကလည်း အစောကြီးမလို့လေ ။ ပြီးတော့ အကိုစေတန်က ကုမ္ပဏီ ကအလုပ်တွေရှိသေးတယ်မလား ။ အဲ့တာကြောင့်ပါ ။ "
"ဘာပဲဖြစ်ဖြစ်နောက်ဆို ကိုယ့်ကိုနှိုး။ အခုရော ပို့စရာရှိနေသေးလား ။ "
"ရှိတယ် ။ အန်တီ မွန်နဲ့ အကိုသူရိန်ဆီ ပို့ရမှာ ။ "
"ကိုယ်လည်းလိုက်ခဲ့မယ် ။ "
အဆင်သင့်ပြင်ထားသည့် မုန့်ပုံးတွေကို ယူကာဆိုင်ကယ်နောက်မှ ကြိုးတွေဖြင့် တုပ်လိုက်သည် ။ ဘုန်းမြတ် က ဆိုင်ကယ် ပေါ်ခွပြီးသည်နှင့် စေတန်ကို တက်ဖို့ပြောသည် ။ စေတန်က ဆိုင်ကယ်ပေါ် ကို ခွတက်လိုက်ပြီး ဘုန်းမြတ် ခါးကို တင်းနေအောင် ဖက်ထားလိုက်သည် ။ ဘုန်းမြတ်က နောက်ကို ပြန်လှည့်ကြည့်တော့ ...။
"ကိုယ် ပြုတ်ကျမှာဆိုးလို့"
"အဟမ်း မောင်းတော့မယ် "
![](https://img.wattpad.com/cover/303707050-288-k694100.jpg)