Part-43

1.8K 90 0
                                    

"‌ဝေးးးးးး......ကားပိတ်တာတောင်ပျော်စရာကြီး......"

သဇင့်အသံကကြပ်နေတဲ့ကားတွေကြားကျယ်လောင်စွာထွက်ပေါ်လာသည်....

Decemberရဲ့ပြင်ဦးလွင်ပန်းပွဲတော်အတွက်ကားတွေတစ်လိမ့်ချင်းရွေ့နေရသော်လည်း....အကိုမှုးသီဟရဲ့စိတ်မရှည်ခြင်းအရ.....ရှင်းတို့ကားသုံးစီးကို....ရဟတ်နဲ့ဆွဲကာအရှေ့ပို့သည်......တဖြည်းဖြည်းနဲ့လူအုပ်ကြီးကိုဖြတ်ကျော်လာကာ......အရှေ့ဘက်ကနေမျှော်စင်ကြီးကိုမြင်နေရပြီ......အပင်တန်းနားကန်ပြင်ရှေ့ကားရပ်လိုက်သည်.....

"ဟေး....မျောက်လေး.....ပြောင်းဖူးလာယူ...."

လင်းထက်ကပြောင်းဖူးကို‌ကိုင်ကာ အနားယူနေတဲ့လူတွေပေါ်ကနေ ဟိုအပင်ကူးဒီအပင်ကူးနဲ့ မျောက်လေးကို စည်သူ့အတွက်ဝယ်လာသမျှကျွေးပစ်သည်.....စည်သူကလွှင့်ပစ်တာမို့.....

"မ.....ပြင်ဦးလွင်ကိုခုမှရောက်ဖူးတာမလား..."

"အင်း.....မရောက်တာတော်တော်ကြာပြီ....နောက်ဆုံးရောက်တာ မ'ဦးငယ်နဲ့လိုက်မသွားခင်တစ်နှစ်လောက်ကထင်တယ်....."

"မ'ကို ကလေးဒီနေ့အများကြီးလိုက်ပို့ပေးမယ်....."

"‌‌ဒါပေါ့....ရောက်တုန်းလေး.....ကလေးနဲ့တောင်လှေကားမြို့လေးကိုပတ်မယ်....."

နှင်းလဲ့-"ရှင်း......မျှော်စင်ပေါ်တက်ပြီးဓာတ်ဖမ်းမယ်လေ...."

သဇင်-"ဟုတယ်....ပြီးရင်....လိပ်ပြာသွားကြည့်မယ်.....ခေါက်ဆွဲဘူးသွားဆွဲပေးပါဦး...."

ရှင်း-"သွားကြ.....ငါလိုက်ခဲ့မယ်.....အကိုမှုးသီဟ...အကိုနန္ဒ....ကြိုး.....ခေါက်ဆွဲကအစပ်ငါးဘူး.....အချိုသုံးပူး.....ချဉ်စပ်သံုးဘူးနဲ့....."

မှုးသီဟ-"အရသာမပါတဲ့တစ်ဘူး.....ပြီးရင်ကားပြထားတဲ့နေရာယူခဲ့ပါ့မယ်...."

ရှင်း-"ကျေးဇူး....လာ...မ..."

မရဲ့လက်ကိုဆွဲကာရှင်းလည်းသူငယ်ချင်း၇ယောက်နောက်အပြေးလိုက်ရသည်.....

"ဟာ....အဲ့လိုမရိုက်နဲ့လေ....အရပ်ပုနေမှာပေါ့..."

"ဟိုဘက်တိုးလေ....မှောင်နေမှာပေါ့....."

"ဘက်ပြန်လှည့်လေ....ဟာ...စိတ်မပါပူးလား...."

သဇင်ရယ်နှင်းလဲ့ရယ်ရဲ့အသံကရှင်းတို့ကြားနေရသည်ထိကျယ်လွန်းနေသည်.....ဓာတ်ပုံရိုက်ရတာစိတ်မရှည်လှသောသွန်းကခေါင်းကုတ်လိုက်နားကုတ်လိုက်နဲ့....

Lovely Ma Ma ⚡💛⚡Where stories live. Discover now