"မ ဘာလို့လဲလို့ ကလေးဘာလုပ်မိလဲပြောအုံးလေ"
ကားရပ်ပြီးရှင်းကကားတံခါးကိုဖွင့်ပေးကာ
"မဆင်းပူးလား ဒီတိုင်းပဲနေတော့မှာလား"
ရှင်းလည်းဆင်းလိုက်သည် ယွန်းစိတ်ဆိုးနေပါသော်လည်းကားအမိုးနဲ့ရှင်းခေါင်းလေးတိုက်မှာစိုး၍ ကာပေးရမည်ကိုလည်းမမေ့စေရ
ဒုန်း!
ကားတံခါးကိုပိတ်ကာအိမ်ထဲသို့သာ
"မ စိတ်ဆိုးစရာရှိလို့လားဟင် ကလေးကိုကြည့်ပါအုံး"
ယွန်းပါးလေးပေါ်ရှင်းလက်နှစ်ဖက်အပ်ရင်းမျက်လုံးခြင်းစုံအောင်လိုက်ကြည့်ပါသော်လည်းရှောင်လွှဲနေ၏
"မ စိတ်တိုနေရင်လည်းထားပါတော့ အနှောင့်ယှက်မပေးတော့ပူး အကိုမှုးသီဟကိုပဲ ပြန်လာခေါ်ခိုင်းလိုက်တော့မယ်"
ပြောပြီးလှည့်ထွက်သွားသည့်တိုင်အောင် ယွန်းဘာမှမပြောပဲ မျက်မှောင်ကျုံ့၍သာထိုင်နေပြီး မျက်ဝန်းထဲတွင်လည်း မျိုးမင်းဇေယျာနဲ့အတူ သူ့ရဲ့ချစ်လှစွာသောကလေးကရီမောနေတာကိုသာမြင်ယောင်လျက်
ဒေါသတို့ပွင့်ထွက်ရာအစဉ်ကတော့ အပြစ်မရှိပါသော အိမ်၏ပန်းနုရောင်နံရံကြီးပင်
ခြံဝရောက်၍နောက်လှည့်ကြည့်တော့လည်းလိုက်မလာ
"ဟူးးးးး.....~~~"
သက်ပြင်းတချက်ချ၍ ခြံတံခါးလက်ကိုင်အားဆွဲလိုက်ချိန်
တိန်~~(Messageဝင်သံ)
From:My Beloved ❤
💌;ခြံဝကနေခုချက်ချင်းပြန်ဝင်လာခဲ့
နှလုံးသား၏ဘုရင်မလေးရဲ့အမိန့်အားမလွန်ဆန်နိုင် ချက်ချင်းပင်ပြေးကာပြန်ဝင်လိုက်ပြီး ယွန်းအားပြေးဖက်ရန်ကြံပါသော်လည်း အိမ်အဝ၌သာရပ်နေမိသည်
ယွန်း၏စိတ်တိုနေသည့်အရိပ်တို့ကယွန်းမျက်ဝန်းတို့တွင်အထင်းသား
"အက်နားဘာရပ်လုပ်နေတာလဲ လာထိုင်"
"မ"
"......"
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
