နေအလင်းရောင်အတိ ထွန်းလင်းလာချိန်ထိ အခန်းထဲမှထွက်မလာပါသော ရှင်းသုရောင်ကြောင့် သူ့အမေစိတ်ပူစွာဖြင့် အခန်းတံခါးကို ဆက်တိုက်ခေါက်ကာခေါ်နေရသည်
~ဒေါက်~ဒေါက်~
"ရှင်းရေ သမီးရှင်း အခန်းတံခါးဖွင့်ပါဦးကွယ် မထသေးပူးလား နေမကောင်းပူးလားသမီး"
ဘယ်လောက်ပဲအော်ခေါ်နေပါစေ ထွက်မလာသူရှင်းကြောင့် သူ့အမေစိတ်ပူပြီး အဆက်မပြတ်သာခေါက်နေသော်လည်း ထွက်မလာ အခန်းတံခါးသည်လည်း သော့ခတ်ထားတာမို့ မတတ်သာသည့်အဆုံး အခန်းသော့အပိုဖြင့်သာ ဖွင့်ဝင်ခဲ့တော့
ကုတင်ပေါ်မှာလည်း မရှိတာမို့ ရေချိုးခန်းထဲဝင်ကြည့်တော့ ရေပန်းအောက်တွင် မေ့လဲနေသောရှင်းသုရောင်ကိုတွေ့လိုက်ရတာမို့ သူအမေက အခန်းထဲကမခေါ်လာပြီး ရေသုတ်ပေးအဝတ်စားလဲပေးကာ စောင်ခြုံပေးထားလိုက်ပြီး သူ့အဖေဆီသို့ဖုန်းခေါ်လိုက်သည်
"ကိုမောင် ရှင့်သမီးရေချိုးခန်းထဲမှာမေ့လဲနေလို့ ပြန်လာပါဦးရှင် အီ ဟီးဟီး"
သမီးလေးမေ့လဲသည်ဆိုသောစကားကြောင့် စိတ်ပူသွားတာကတစ်ကြောင်း မိန်းမဖစ်သူငိုနေတာတစ်ကြောင့်ကြောင့်
"ခင်ရယ် ဆရာဝန်ခေါ်ပြီးပြီလား မငိုပါနဲ့ကွာ ကိုအခုပြန်လာနေပြီနော်"ဟုပြောကာ ဖုန်းချလိုက်ပြီး အိမ်သို့သာပြန်လာခဲ့သည်
ရှင်းအမေဒေါ်ခင်ကြည်သည်လည်း ဆရာဝန်ဆီဖုန်းဆက်ခေါ်ကာ ရှင်းသူငယ်ချင်းများနှင့် ယွန်းကိုပါခေါ်လိုက်ရသည်
<<<<<<<<<<<<<<<<<<<<<<<<<<
မေ့မလဲခင်က••••••
ရှင်းသုရောင် ငါးနာရီကျော်လောက်ကတည်းကနိုးနေသည်မို့ ထရန်ပြင်လိုက်တော့ ခေါင်းကမူးလာသည် ထိုကြောင့် ခဏငြိမ်အောင်ထိုင်နေလိုက်ပြီး သက်သာတော့မှ
'ဟူး......ညကညဉ့်နက်သွားလို့ နည်းနည်းမူးသွားတာထင်တယ် လန်းသွားအောင် ရေပါချိုးလိုက်မယ်'
တွေးရင်းနဲ့ပင် ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက်ပြီး ရေချိုးဖို့ ရေပန်းဖွင့်တာမကြာလိုက် ခေါင်းကမူးလာပြီးအမြင်တွေဝေဝါးကာ အားလုံးကအမှောင်အတိကျသွားခဲ့သည်
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
