~~_Part-16_~~

3K 156 6
                                    

ယွန်းနိုးလာတော့ ဘေးမှာရှင်းမရှိတော့ ဟိုနေ့ကလိုဂိမ်းဆော့နေတာနေမှာပါဆိုပြီး အိမ်အောက်ဆင်းသွားတော့လည်းမရှိ မီးဖိုချောင်ခြံထဲရောလိုက်ရှာသော်လည်းမတွေ့ ဖုန်းဆက်တော့လည်း ပြန်လည်ဖြေကြားခြင်းမရှိပါနဲ့တိုး

'ကလေးကနှုတ်မဆက်ပဲပြန်သွားတာပဲ ညနေမှဆူဦးမယ်ဟွန့်'

တွေးရင်းနှုတ်ခမ်းကထော်လာပြန်သည်

///////////////////////////////

ရှင်းသုရောင်နိုးလာတော့ ကျောင်းသွားရမှာမို့ ဘာမှမပြောပဲ နှာဖူးလေးအားညင်သာစွာအနမ်းတခုခြွေလိုက်ပြီး အိမ်ပြန်လာကာ ကျောင်းသို့သွားလိုက်လေသည်

"ဇေယျာ"

ကျောင်းရောက်တော့ သစ်ပင်အောက်မှာဂိမ်းဆော့နေတဲ့ဇေယျာ့ကိုတွေ့တာမို့ခေါ်လိုက်သည်

"ရှင်း အယ်...မနေ့ညကမှောက်သွားတာ ဘယ်လိုနေသေးလဲ ခေါင်းမူးသေးလား ခေါင်းရောကိုက်လား"

ရှင်းမှာတော့မနေ့ညကကိစ္စကိုပြန်တွေးရင်းပြုံးစိစိဖစ်နေလေသည်

"ရှင်း..ရှင်း...ရှင်းသုရောင်!"

"ဟေ...အင်...အဲ ဘာတုန်းဟ နားစည်ကွဲတော့မှာပဲ"

အတွေးလွန်နေတာကြောင့် နားနားကပ်အော်လ်ုက်တာပါ

ရှင်းနားနားကပ်လိုက်ချိန်ရှင်းဆီကရတဲ့candyနံ့လေးက ဇေယျာ့ရင်ကိုဗြောင်းဆန်စေသည်

"အာ...နင်ကငါမေးတာမှမဖြေတာ"

"ဪ အေး ဘာမေးလိုက်တာလဲ ပြန်မေးလေ ဟဲဟဲ"

ပြန်မေးနေတာကာခေါင်းလေးကုတ်ပြီးရီပြနေတာကြောင့် ရှင်းသုရောင်၏အခုအခြေနေမှာ ချစ်ဖို့ကောင်းပြီးအသဲယားဖွယ်အတိ

"ခေါင်းကိုက်သေးလားလို့"

"No ကောင်းချက်က9+"

{ကောင်းမှာပေါ့ ညကသူ့မမကိုစားထားရတာကိုး🙄}

"မျိုး"

ဇေယျာနဲ့ရှင်းသုရောင်စကားပြောနေတုန်းနောက်ကနေလှမ်းခေါ်တဲ့အသံကြောင့်ရှင်းလှည့်ကြည့်မိသည်

အနက်စကပ်ပေါ်ကအဖြူလည်ပိတ်လက်ပျက်လေးဝတ်ထားကာဇေယျာ့အားမျိုးဟုခေါ်သူ

Lovely Ma Ma ⚡💛⚡Where stories live. Discover now