Thoon & Thazin❤(မေတ္တာစစ်ပါတယ်)

1.5K 81 6
                                    

"သဇင်!"

နာမည်ရင်းတပ်ခေါ်ပြီးမူးရူးပြန်လာတဲ့သွန်း....စိတ်တွေလည်းညစ်ပါတယ်....သွန်းမူးပြီးပြန်လာတဲ့နေ့တိုင်းသဇင်အကြီးအကျယ်စိတ်ထိခိုက်သည်။

Punish Roomဆီမှာသူအမူးမပြေမချင်းထိုင်ရစ်သည်။
ရိုးရိုးရစ်တာမဟုတ်။သဇင့်ကိုလက်ထိပ်ခတ်ကာကြိုးနဲ့ချီထားသည်။

"သောက်လာပြန်ပြီ....ကဲ....ဒီနေ့ဘယ်က‌မန်နေဂျာကိုအားနာလို့သောက်ခဲ့ရပြန်တာလဲ...."

သဇင်နဲ့သွန်းတို့လက်မှတ်ပဲထိုးထားကြသည်။
အကြီးအကျယ်ပွဲမလုပ်ချင်၍။
သွန်းကမူးလာတာကအတင်းပြဲကွဲနေတာမဟုတ်။ သူ့အလုပ်ကမန်နေဂျာကိုအားနာရတာနဲ့။ တခြားcompanyက CEOကိုအားနာရတာနဲ့။ ရှယ်ယာရှင်မို့အားနာရတာနဲ့ သောက်လာခြင်း။သူကလည်း CEOဆိုတော့ ငယ်တဲ့သူလည်းအားနာရတာကရှိသေး။သူပဲအားနာနေ။

"ဟိုငမူးလေသိလား....."

"အင်း....မသိပူး....."

"အဲ့ငမူးကလေ.....သူ့မြေကွက်ကိုရောင်းတာ....စာချုပ်ချုပ်တဲ့ထိမ်းမှတ်ဆိုပြီးလိုက်သောက်ခိုင်းတာ....သွန်းကတစ်ခွက်ပဲသောက်ရသေးတာသိလား.....သူကမှောက်သွားရော....."

"အင်း...အခုတော့သွန်းပဲမူးလာတာမလား...."

"သွန်းမမူးပါပူးဆို...."

"ဟင့်အင်း....သွန်းမူးပါတယ်...."

"သွန်းမမူးပူးလို့ဆို....သွန်းကိုမူးတယ်လို့ပြောတာ....လက်ထိတ်ခတ်မယ်...."

"ဪ....ရော့....ရော့....ခတ်..."

ကြားလို့မှကောင်းကြသေးရဲ့လား။အမူးသမားကသူ့ကိုမူးတယ်ပြောလို့လက်ထိတ်ခတ်သတဲ့။

သဇင်ကတော့လက်ကိုထိုးပေးလိုက်သည်။
မဟုတ်ရင်လိုက်ဆွဲနေမှာ။
သူ့ကိုယ်သူ....သွန်း...သွန်းနဲ့....ချစ်စရာကောင်းနေပြန်ရော။

"ထိုင်....."

လက်ထိတ်ခတ်ကာထိုင်ခိုင်းတော့....သဇင်လည်း....အမွှေးပွကော်ဇောပေါ်ဒူးထောက်ထိုင်လိုက်သည်....

"ခစ်ခစ်....သွန်းကဒီလိုလေးချည်မယ်နော်...."

လက်ထိတ်ကကွင်းလေးတွေကိုကြိုးနဲ့ဆွဲကာအပေါ်ကတန်းပေါ်ချိတ်လိုက်တော့.....သဇင်ကလက်မြှောက်လျက်သားဖြစ်သွားသည်။

Lovely Ma Ma ⚡💛⚡Hikayelerin yaşadığı yer. Şimdi keşfedin