Happy Thadingyut🎆

1.2K 64 4
                                    

"ကလေးရေ မြန်မြန်လာလေ"

"မ'ကလည်း ခဏနေပါဦး ဒီမှာ လက်မမှီပါပူးဆို"

"အစတည်းကမပြောပူး မ'ကိုလှမ်းခေါ်လိုက်ပြီးရောကို"

"ဟုတ်ကဲ့ရှင့် ကျွန်မအပစ်"

"ကလေးနော်"

"ဟဟ ချစ်စရာလေး"

"တော်ပါ လှည့်ဟိုဘက်"

သီတင်းကျွတ်လပြည့်နေ့မို့ မေတို့ကိုသွားကန်တော့ဖို့ မနက်တည်းက မ'က တကုတ်ကုတ်နဲ့ ပြင်ဆင်နေပြီးဖြစ်သော်လည်း ရှင်းမှာအိပ်ပုတ်နေ၍ နောက်ကျနေရသည်။

အရမ်းလှချင်လွန်းလှသော ယွန်းက နောက်မှထုပ်သီးပေါင်းများစွာနဲ့တန်းစီနေသော မိုးပြာရောင်ပန်းထိုးအင်္ကျီလေးကို မိုးပြာရောင်ပြောင်ထဘီအပေါ် ပန်းထိုးထားသော ဝမ်းဆက်လေးဖြင့် လှနေသည်လေ။

သူတင်မဟုတ်ပါပဲ ရှင်းကိုပါဆင်ထား‌သဖြင့် နောက်ထုပ်သီးအတွက် လက်မမှီဖြစ်နေရသည်မို့ ကြာနေသူအပေါ် မ'က အောက်ထပ်ကနေလှမ်းအော်နေ၍ မိမိအဆင်မပြေကြောင်းရှင်းပြနေရသည်။

####

"တခါမှ အကြာကြီးမဝတ်ဖူးတော့ နေရကြပ်တာ"

"ကလေးတင်မဟုတ်ပါပူး မ'လည်းတစ်ခါမှမဝတ်ဖူးပူး"

"သိပါတယ် မ'ရဲ့ ဒါမယ့် မ'ပဲဝတ်ချင်လှပါချည်ရဲ့ဆို"

"သူများတွေဝတ်တော့ မ'လည်းဝတ်ချင်တာပေါ့လို့ ပြီးတော့~~"

"ပြီးတော့...."

"ကလေးက မနေ့ကဘုရားသွားကြတော့ ‌ပြောတယ်မလား ယဉ်ယဉ်လေးနဲ့ မြန်မာဝတ်စုံဝတ်တဲ့သူတွေက လှတယ်ဆို"

"ဟောဗျာ..."

"မ'တွေ့တယ် ကလေး သူတို့ကိုလိုက်ကြည့်နေတာ"

"ကလေးဆိုးလေးကွာ အဲတာကဒီတိုင်းလှလို့လှတယ်ပြောတာပါ မ'ကတော့ဗျာ အချစ်တွေပိုတိုးအောင်လုပ်နေတာ"

"မသိပူး ကလေးကလှတယ်လို့ပြောတဲ့ ပုံစံတွေကို မ'ကဝတ်ကြည့်ချင်လို့ဟာကို"

"ဟုတ်ပါပြီ ကလေးရဲ့အမျိုးသမီးလေးက မြန်မာဝတ်စုံလေးနဲ့လည်း ပပဝတီခြေဆင်းငိုရလောက်အောင် လှပြီး ကျက်သရေရှိပါတယ်"

Lovely Ma Ma ⚡💛⚡Where stories live. Discover now