~~_Part-13_~~

3.4K 177 2
                                        

🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞

မျက်နှာပေါ်သို့မဟုတ်ပဲ ကျောပြင်သို့ရောက်လာသော ပူလောင်ခြင်းကြောင့် ထဖို့မျက်လုံးဖွင့်လိုက်ချိန် တစ်ယောက်သောသူ၏ရင်ခွင် တစ်ယောက်သောသူ၏ကိုယ်သင်းရနံ့ တစ်ယောက်သောသူ၏ဝင်လေထွက်လေတို့က ရိုက်ခတ်လျက် မော့ကြည့်လေတော့ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေး

'ကလေးကအိပ်နေတာတောင် ချစ်စရာလေး😘'

နည်းနည်းအပေါ်ကိုတိုး၍နှုတ်ခမ်းဖူးဖူးလေးကိုနမ်းလိုက်လေသည်

အလုပ်ကနှစ်ရက်ပိတ်တာမို့ ဒီနေ့လည်းမသွားရတာနဲ့ပဲ ကျောပူခံပြီးသာချစ်ရသူရင်ခွင်ထဲပြန်ဝင်အိပ်လေသည်

🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚

11:00AM🌞

ယွန်းတစ်ယောက်ပြန်နိုးလာခဲ့ပြီး ဘေးနားကြည့်တော့ ရှင်းမရှိတော့တာမို့ မျက်နှာသစ်သွားတိုက်ကာ အောက်ထပ်သို့ဆင်းလာလေတော့ ထမင်းစားခန်းတွင် ဂိမ်းဆော့နေတဲ့ရှင်းကိုတွေ့မှ ရင်ထဲကအလုံးကြီးကျသွားတော့သည်

"ကလေး"

"ဟင် မ နိုးလာပြီလား ရှင်းကြောင့်နိုးလာတာလား"

ရှင်းကဂိမ်းဆော့ရင်အသံချဲ့ပြီးဆော့ရတာကြိုက်တာမို့အသံအကုန်ချဲ့ထားမိတာကြောင့် မေးလိုက်ခြင်းပေ။

တကယ်တော့ အိမ်အပေါ်ထပ်နဲ့အောက်ထပ်က အပေါ်ကအသံ အောက်ကလူမကြားရသလို အောက်ကအသံလည်း အပေါ်ထပ်ကလူမကြားရ ခေါ်ချင်လျှင် ခလုတ်သာနှိပ်ရသည်။

"မဟုပါပူးကလေးရဲ့"

"ဟုတ် ဒါနဲ့ မ ဗိုက်‌ဆာနေပြီလား"

"အွန်း နည်းနည်းတော့ဆာသလိုပဲ ကလေးရော"

" မ ကိုစောင့်နေတာလေ စောင့်ရင်းဂိမ်းဆော့နေတာ"

"အာ့ဆို အပြင်သွားစားကြမယ်လေ"

"အာ.. မ ကလည်းရှင်းကော်ဖီနှပ်ထားတယ် ပြီးတော့Sanwitchလည်းလုပ်ထားတယ် တူတူစားမယ်လေ"

"တကယ် ကလေးလုပ်ကျွေးတာစားရမယ် ဟီးဟီး"

' မ ရဲ့အပြုံးလေးတွေကအရမ်းလှတာပဲ တခြားသူရှေ့မှာပြုံးမပြပါနဲ့လား'

Lovely Ma Ma ⚡💛⚡Where stories live. Discover now