"အား!!!!!.......လုံးဝကိုချစ်စရာလေး....ငါ့မိန်းမလေးစောင့်နေတော့မယ်....သွားမယ်သွားမယ်"
ယွန်းရဲ့အသံချွဲချွဲလေးနဲ့မိန်းမဆိုတဲ့ခေါ်သံအောက်မှာရူးသွပ်သွားသူ....ရှင်းသုရောင်ပင်ဖြစ်လေသတည်း......
"ဪ....မမလေး....သခင်မလေးဆီလာတာလား"
"ဟုတ်တယ်အကို..."
ရှင်းလည်းမမဝယ်ခိုင်းသမျှဝယ်ပြီး....အဲလေ....ခိုင်းတယ်လို့မဆိုသာပူးပေါ့နော်....မမရုံးဆီသွားလို့.....အပေါက်ဝမှာအကိုနန္ဒနဲ့တွေ့တာမို့.....ပြန်နှုတ်ဆက်ရသည်။
"ဒါနဲ့မမလေး.....သခင်မလေးကအခုmeetingဝင်နေတယ်"
"ရတယ်အကို.....ရှင်းစောင့်လိုက်မယ်"
"အာ့ဆို....အကိုသွားပြီနော်"
"ဟုတ်"
ရှင်းလည်းမမအခန်းသို့သွားရင်း...
"ဟဲ့...အဲ့တာလေငါတို့ဘော့စ်ရဲ့မိန်းမလောင်းတဲ့"
"ဟိုက်.....ချောလိုက်တာဟာ.....အရပ်ကြီးကလည်းမိုက်လိုက်တာ...."
"ဟဲ့ဟဲ့.....သခင်မလေးကြားရင်အဆူခံနေရမယ်ကိုယ့်အလုပ်ကိုလုပ်ကြ"
ရှင်းလည်းနားထောင်းမနေတော့ပဲ ဓာတ်လှေကားပွင့်တာနဲ့ဝင်လိုက်တယ်။
"မမလေး...."
"ရတယ်အမ.....ရှင်းထိုင်ပဲစောင့်နေမှာပါ"
"ဟုတ်မမလေး...."
Companyတစ်ခုလုံးကရှင်းဟာမမရဲ့သက်ဆိုင်သူပါဆိုတာသိကြတယ်ပေါ့....မမကပြောပြထားလေသလား....ငါ့မိန်းမလောင်းလေးကိုလွမ်းလိုက်တာ...
ဒေါက်! ဒေါက်!
"မြတ်ဖူး...ငါဝင်လာ....လာ....အဲ...."
ရှင်းလည်းတံခါးခေါက်သံကြားလို့လှည့်အကြည့်...မမအရွယ်လောက်ရှိမဲ့အမတစ်ယောက်ဝင်လာပြီးရှင်းကိုမြင်တော့ကြောင်သွားပုံ...
"ဟို.....ရောင်....ရောင်လေးလား"
ရှင်းကိုရောင်လေးလို့ခေါ်နေသူအားရှင်းကြည့်မိသည်...အင်း....ဒီအမကိုမြင်ဖူးနေသလိုပဲ...
"မမေမီမိုး?"
"အယ်...တကယ်ရောင်လေးပဲ....ကြည့်ပါဦးချောလာလိုက်တာ....သွားတက်လေးနဲ့ခုထိကြည့်လို့ကောင်းတုန်း....Aigoo....ချစ်စရာလေး"
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
