Part 21 Uni/ZG

8.2K 315 24
                                    

Unicode

                        
ငေး နိုးလာတော့အခန်းတစ်ခုရဲ့‌မွေ့ယာထက်မှာ မှတ်ဉာဏ်တွေကိုအပြေးအလွှားလှုပ်ရှားမိတော့ သူလေယာဉ်ပေါ်မှာ အိပ်ပျော်သွားမိတာပင် ။ မောင်ကသူ့ကိုချီပိုးလာသည် ထင်၏ ။ အိပ်မောကျနေတဲ့သူ့ကိုချီလာတဲ့ မောင့်ကိုမြင်ယောင်မိတော့ သူရှက်မိသည်။ ဘယ်လိုတောင်အိပ်မောကျနေရတာလဲ လူတစ်ယောက်လုံးသူ့ကိုချီသွားတာတောင်မသိဘူးဆိုတော့ သူတော်တော်ကိုသတိလက်လွှတ်ဖြစ်နေမိတာပင် ။

အရင်ကအရာရာကိုသတိရှိတဲ့ သူသည် မောင့်အနားရောက်ရင် သတိလက်လွှတ်ဖြစ်သွားတတ်သည် ။ အရင်ကလူကြီးဆန်တဲ့သူသည် မောင့်အနားရောက်ရင် အလိုလိုကလေးငယ်လေးဖြစ်သွားသလိုပင် ။ အချစ်နဲ့တွေ့ရင်အလိုလိုနူးညံ့သွားသည်ဆိုတာက တကယ်ကိုမှန်တယ် ။

အခန်းအပြင်အဆင်ကိုတချက်ဝေ့ကြည့်မိတော့ မြန်မာပြည်ကစံအိမ်အတိုင်းပဲ ဟူး တော်တော်ကိုအနက်ကြိုက်တဲ့ မောင် ။ တခြားအရောင်မသုံးဘူးလားပဲ ။ငေးဆိုအညိုရောင်ကိုကြိုက်ပင်မဲ့ အရောင်တော်တော်များများကို ၀တ်လေ့ရှိတယ် ။ သူသဘောအကျဆုံးအရာတွေလောက်ပဲ အညိုရောင်ရှိတာပင် ။ အခုတောင်သူ့ကိုအပေါ်အောက်အဖြူရောင်ကြည့်ဆင်ထားသည် ။ မောင်ကလူတစ်မျိူး သူသာအနက်ကိုမရိုးအောင်၀တ်ပင်မဲ့ ငေးကိုတော့အဖြူကြည့်သာဆင်သည်။

ညို့အခန်းထဲ၀င်လာတော့ ငေးကနိုးတောင်နိုးနေပြီ ။ အနက်ရောင်အိပ်ယာထက်မှာအဖြူလုံးလေးက ငုတ်တုတ်လေးထိုင်စဉ်းစားနေတယ် ။ အမြဲလိုလိုစဉ်းစားနေတဲ့အကောင်ပေါက်ကြောင့် လူကဘ၀င်မကျတော့ ။ တကယ်ပဲ ဘယ်သူ့ကိုဒီလောက်တွေးနေရတာလဲ ဒီနေ့ပဲလက်ထပ်ပြီးတယ် ဒီနေ့ပဲအတွေးများနေတယ် ။ ဒီလူကအတွေးတွေလွန်ပြီး သ၀န်တွေတိုနေရတာဘယ်လောက်ပင်ပန်းသလဲ ။

မျက်နှာကြီးစူပုတ်ကာ ရပ်ကြည့်နေတဲ့မောင့်ကို ငေးမြင်လိုက်ရတယ် ။ ဒီလူဘာကိုအလိုမကျဖြစ်နေတာလဲ ။စကားများရအောင်လဲ တလမ်းလူံးအိပ်ပျော်လာတာ၊ သူစမိတာကလဲတစ်ခုထဲပင် ။

"မောင်ရာ မင်းကရုပ်ချောသလောက်စူပုတ်နေလိုက်တာ ခွေးလေးအစာမစားရလို့ အစာတောင်းနေသလိုပဲ အဟင်းဟင်း"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Dove le storie prendono vita. Scoprilo ora