Part 19 Uni/ZG

8K 356 4
                                    

Unicode

"ရပ် ရပ်"

နှစ်ယောက်သား ...မာလာရှမ်းကော ၀င်စားကြပြီး အပြန်တွင် ငေး‌နေရာမှူး တစ်ယောက်‌ထဖောက်ပါလေသည် ။

"မောင် ရပ်ဆို ...!!"

"ဘာလုပ်မလို့လဲ ငေးရယ် ကားတွေရှုပ်နေတယ်လေ ချက်ချင်းရပ်လို့မရဘူးလေကွာ"

"ရပ်ဆို....အခုရပ်နော် မောင် မင်းမရပ်ရင်ငါခုန်ချမှာ"

ငေးဆိုသည်မှာ ဒီလိုတဇွတ်ထိုးပင် ။ ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာကြောင့် အမြန်ပင် ကားရပ်ပေးလိုက်သည် ။

ငေးလဲပြောပြီးမှာ မောင့်မျက်နှာကိုကြည့်မိတယ် ။ခါတိုင်းပုံစံ အလိုမကျသလို မျက်မှောင်ကျုတ်ထားတာမျိူးမဟုတ်ပဲ တည်ကြည်နေပြီး တစ်ခုခုဖြစ်နေသည့် အတိုင်းပင် ။ သူဘာများစကားမှားသွားလဲ ပြန်စဉ်းစားမိတယ် ။ ဘာမှလဲမမှားပါဘူး သူစိတ်ထင်တဲ့အတိုင်း မဖြစ်နိုင်ပါဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ထားလိုက်မိသည် ။

"ငေး ဘာလုပ်မလို့လဲ.."

"ဒီနားလမ်းလျှောက်ကြမယ်လေ နော် မောင်"...!!

လက်မောင်းတစ်ဖက်ကို သူ့ရဲ့လက်သွယ်သွယ်လေးတွေနဲ့ ကိုင်တွယ်ထားပြီး ပြောသည် ။

"အဲ့တာများ‌ကွာ ...မောင့်ကိုသေချာပြောလဲရရဲ့သားနဲ့ အလန့်တကြားရပ်ခိုင်းရလား ဟမ်..!!"

ဆူသလို ၊မာန်နဲ့ပြောလိုက်တာကြောင့် မျက်နှာလေးမဲ့ကျသွားသည် ။

"မောင်ကလဲ ဒါလေးလုပ်မိတာကို လာဆူနေတယ်" စူပွပွနဲ့ မကျေမနပ်ပြောတယ် ။

တကယ်ပါပဲ...ဒီမောင့်ကို နားမလည်နိုင်ဘူး ။ ဘာကိုစိတ်ဆိုးမှန်းမသိ ဟမ့် ။ သူကလောသွားလို့ကို သူများကိုလာဆူနေတယ် ။ကြည့်ထား ယူပြီးမှ အသေနှိပ်စက်ပစ်ဦးမယ် ဟွန်း ။ ငေးနေရာရဲ့စိတ်ထဲမှာ မကျေနပ်စွာ ကျိန်ဆဲနေပါတော့သည်။

"ဆူတာမဟုတ်ဘူး အခုလိုအလောတကြီးလုပ်တော့ မောင်ဘယ်လောက်လန့်သွားလဲ မင်းနော် အလိုလိုက်လို့ တအားဆိုးလာတာလား"

ခါးကြီးထောက်ပြီး‌မျက်မှောင်ကြုတ်မေးတဲ့မောင့်ကြောင့် ငေးနေရာ အူလိုက်သဲလိုက် အော်ရယ်မိသည် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now