Part 29 Uni/ZG

7K 292 8
                                    

Unicode//

ဘာလိုလိုနဲ့ ကလေးတွေတောင် တွားသွားတတ်တဲ့အရွယ်ရောက်လာပြီ ။ တတောက်‌ တောက်သွားတတ်လွန်းလို့ သူတို့မှာ ပစ္စည်းတွေကို အနိမ့်မှာမထားရဲဘူး။ ထိခိုက်စေမဲ့အရာတွေကို အမြင့်ကိုတင်ထားရတယ် ဧည့်ခန်းကခုံတွေဆိုလဲ အကောင်းဆုံးကိုမှရွေးထည့်ပေးထားသည်။ ကြမ်းပြင်ကိုလဲ မွှေးပွကော်ဇော်ကြီးခင်းပေးထားရသည်။ သူတို့က စံအိမ်မှာမနေဘဲ ဒီကိုပြောင်းလာတာ ဆေးရုံကဆင်းကထဲကဖြစ်သည်။ သူတို့ကလေးကို သူတို့ပြုစုပျိုးထောင်ချင်တာကြောင့် Condoမှာပဲ သားအ‌ဖတွေနေကြသည်။

“လင်းငယ်နဲ့သွင်ငယ် လာပါဦးဖေဖေ့စီကို "

အဖေကခေါ်လိုက်သည်ဆိုတာနဲ့ သူတို့ဆော့နေတဲ့နေရာကနေ လေးဘက်သွားပြီး အပြိုင်အဆိုင်လာကြသည်။ သားကယောင်္ကျားလေးပီပီ အရင်ကရောက်သောအခါ သမီးလေးကမျက်နှာမဲ့သွားလေ့ရှိသည်။ အဲ့အချိန်ကြရင် သူ့ဒယ်ဒီက သူ့သမီးသွားချီပြီးပြန်ချော့ပေးရလေသည်။

"ငေး မောင်တို့အပြင်သွားရအောင်"

"ဟမ် သားတို့ကိုခေါ်သွားမှာလား အဆင်မပြေဘူးနော်မောင် ကလေးတွေကငယ်သေးတယ်"

"ဟောဗျာ မောင်တစ်ယောက်လုံးပါတာပဲကို ဘာလို့စိတ်ပူနေရတာလဲ"

ကလေးအတွက်နို့မှုန့်ဘူးကိုဖျော်နေတာမို့ မောင်ကနောက်ကနေကလေးနှစ်ယောက်ကိုချီကာ ပတ်လိုက်နေသည်။ အဖြူအနက်ဆင်တူ၀မ်းဆက်လေးနဲ့ သူ့သားနဲ့သမီးကသိပ်ချစ်ဖို့ကောင်းသည်။ မောင်ကဒူးကျအပျော့သားဘောင်းဘီနဲ့ တီရှပ်အပွအနက်ကို၀တ်ထားသည်။

လှုပ်တုတ်လှုပ်တုတ်နဲ့နို့မှုန့်ဘူးဖျော်နေသည့်အဖေပေါက်စလေးကြောင့်သူ့မှာတနေ့တခြားမြတ်နိုးစိတ်တွေကတဖွဖွပင်။ ချစ်ခြင်းများသည်လျော့သွားသည်မရှိပဲ ပိုတိုး၍သာနေသည်။

"ဒါဆို သားနဲ့သမီးကိုမာမီတို့ဆီတညသွားထားကြမယ်လေ"

"အင်း အဲ့အကြံမဆိုးဘူး ဒါပေမဲ့သားနဲ့သမီးငိုငါမှမခွဲချင်တာ မောင်ကလည်း"

"ငေးကလဲ တစ်ညပါပဲ မောင်တို့မနက်ကြရင်သွားခေါ်ကြမှာပဲကို ပြီးတော့မာမီတို့ကလဲသူ့မြေးတွေကိုလွမ်းနေပြီတဲ့ကွာ"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Onde histórias criam vida. Descubra agora