Part 26 Uni/ZG

7.7K 339 6
                                    

Unicode

ကိုယ်၀န်စရှိပါပြီဆိုကထဲက မောင်ကအလုပ်မသွားတော့ပဲ သူ့အနားမှာပဲတနေကုန်နေသည်။ လူကိုဟိုဟာမလုပ်ရဘူး။ဒီဟာမလုပ်ရဘူးဆိုပြီး မျက်စိဒေါက်ထောက်လိုက်ကြည့်တယ်။ ‌ပိုကိုပိုလွန်းတယ်လို့ပြောပြန်ရင်လဲ...သူကကိုယ်ကအဖေကိုပိုတာပေါ့တဲ့လေ ။ သူကအဖေကိုဆိုတော့ ငေးကရောအဖေမဟုတ်လို့လား။ လုပ်ပစ်ချင်တာတကယ်ပဲ ၊ အခုမှလနုနုလေးရှိသေးတာကို လှေကားပေါ်လဲ ကိုယ့်မှာလူမမာကျနေတာပဲ ဘေးကတွဲတွဲနဲ့..။ ‌ဒီလိုပဲ ညို့ကစိတ်ပူပြီး ပိတ်ပင်လိုက် ၊ ငေးကစိတ်ဆိုးပြီး ‌‌တစ်ခုခုနဲ့ကောက်ပေါက်လိုက်နဲ့  ဗိုက်က ငါးလထဲရောက်လာသည်။ နှစ်ဖက်မိဘတွေကလဲသဲသဲလှုပ် ၊ မမွေးသေးတဲ့သူတို့ရဲ့ ပထမဆုံးမြေးဦးလေးကို အရမ်းချစ်ကြသည်။

သူတို့ရဲ့ကလေးလေးက မမွေးခင်ကထဲကအရမ်းကိုကုသိုလ်ကံကောင်းတဲ့ ကလေးလေးပင်။ အဘိုးအဘွားတွေက ပိုင်ဆိုင်သမျှအမွေတွေကို သားဖြစ်သူအဖေနှစ်‌ယောက်ကိုကျော်ကာသူတို့မြေးအတွက်ဆိုပြီး စာချုပ်နဲ့တကွ တန်းလွဲပေးထားကြသည်။ ဘယ်လောက်တောင်မနာလိုချင်စရာကောင်းလဲ။ သူ့မှာကိုယ့်သားကို ပြန်မနာလိုနေရတဲ့အဖြစ် ။အဖေလုပ်သူကလဲ အပေါ်ထပ်တစ်ခုလုံးကို သူ့ကလေးအတွက်ဆိုပြီး ကစားကွင်းတွေပါဆောက် ၊ ရေကူးကန်သေးသေးလေးတွေပါထည့်ထားပေးသည်။ အရုပ်ကောက်စက် ၊ စက်ရုပ် ၊ကား ၊ ဘာဘီအရုပ်မလေးတွေ ၊ အကုန်ပါတယ်။ သားလား သမီးလားသေချာမသိသေးလို့ဆိုပြီး အပန်းရောင်နဲ့အပြာရောင်တွေများ အပေါ်ထပ်တစ်ခုလုံးတောင်လိုပိုနေလို့‌ပင်။

သူငယ်ချင်းတွေကလဲ သူတို့တူ ၊ တူမလေးတွေအတွက်ဆိုပြီး ဖိနပ် အင်္ကျီ အကုန်ကြို‌၀ယ်ပေးထားတယ်။ ကိုယ့်သားသမီး အချစ်ခံရတာမြင်တော့လဲ ကိုယ့်မှပျော်ရသည်။ ကောင်းကောင်းမွန်မွန်ကျန်းကျန်းမာမာနဲ့ မွေးဖွားလာခဲ့ပါကလေးလေးရေ ။ ဒီမှာမင်းအတွက်အကုန်အဆင်သင့်ဖြစ်နေပြီ မင်းသာအဆင်ပြေပြေရောက်လာရုံပဲ ၍ငေးနေရာတစ်ယောက် ဗိုက်ကိုဖွဖွပွတ်ရင်း ပြောနေသည်။ အထဲက ကလေးလေးကကြားသည့်အလားပင် ခြေထောက်နဲ့ နှစ်ချက်တောင်ကန်သည်။ နာပင်မဲ့လဲ ကိုယ့်သားသမီးမို့ထင်ပါရဲ့ သူ့မှာ အပြုံးကိုမပျက်တော့ပင်။ မောင်ကလဲညတိုင်းသူ့ဗိုက်ကို နမ်းကာကလေးတွေနဲ့အမြဲစကားပြောသည်။ အဲ့အချိန်ကျရင်လည်း အထဲကအချက်ပြသည့်ဟန် ကန်တတ်သေးသည်။ တကယ့်ကိုလူလည်ပန်ကာလေးတွေဖြစ်မည့်ပုံပင်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now