MN_[10]

10.5K 584 28
                                    

Unicode//

                         
"ဘယ်လို ကိုကလက်ထပ်တော့မယ်ဟုတ်လား"

"ဟုတ်တယ် မနက်ဖြန်စေ့စပ်ပွဲ၊ ဒီလကုန်ရင်လက်ထပ်တော့မယ်"

"ဟား ကောင်လေးတစ်ယောက်ကိုယူမယ်တဲ့လား ငြီးငွေ့သွားမှာပါပဲ ကို့ကိုငါပြန်ရအောင်လုပ်မှာ ကိုကငါ့ကိုပြန်လက်ခံမှာပါ "

"သူကပိုင်ရှင်ရှိနေပြီနော် မယ်ရီ နင်လက်လျော့သင့်တယ်"

"လက်လျော့တယ်ဆိုတာ ငါ့ရာဇ၀င်မှာမရှိဘူး နေခြည် ငါပိုင်တဲ့လူကိုငါရအောင်ပြန်ယူမယ်"

"သူမှနင့်ကိုမချစ်တော့တာ သူ့ဒေါသကိုသွားမဆွသင့်ဘူး နင်တို့မိသားစုပျောက်ကွယ်သွားရလိမ့်မယ်"

"ကိုက ငါ့ကိုချစ်ခဲ့တာပဲပြန်မချစ်နိုင်စရာအကြောင်းမရှိပါဘူး ငါ့ပါသာစီစဉ်လိုက်မယ် နင်သာငါ့ကိုစောင့်ကြည့်ထားပေးပါ"

"ပြောမရတော့လဲ နင့်သဘောပဲ မယ်ရီ"

"အွန်း ငါမနက်ဖြန်flightနဲ့မြန်မာပြည်ပြန်လာခဲ့မယ် ဒါပဲ"

"အိုကေ good luck bye"

သူငယ်ချင်းဖြစ်သူက ဖျောင်းဖျနေသော်လည်း တဖက်မိန်းကလေးမှာနားမ၀င်ဘဲဖြစ်လို့နေသည်။

ကနေဒါကနေ ပြန်သွားတာတောင်မကြာသေးဘူး လက်ထပ်တော့မယ်တဲ့လား။ငါတို့ပြတ်သွားတာ ငါကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်မဟုတ်ပဲ ကောင်လေးတစ်ယောက်ကိုလက်ထပ်ဖို့တဲ့လား ညို့။ မယ်ရီပြန်လာပြီ မယ်ရီ့ကိုအဲ့လိုလုပ်လို့မရဘူးညို့ကမယ်ရီ့အပိုင်ပဲ။

ရင်းနှီးနေတဲ့ဖုန်းနာပတ်ကိုနှိပ်လိုက်ပြီး

“ငါ့ကို တစ်ခုလုပ်ပေး"

".............................."

"အိုကေ အဆင်ပြေစေရမယ်"

ငေးနေရာ ကျောင်းစာမေးပွဲခန်းထဲမှာ ကျက်ခဲ့သမျှကိုချရေးနေသည်။ သူကစာတော့မလုပ်ပင်မဲ့ ဉာဏ်ကတော့ရှယ်ကောင်းသည်။ ကျက်သမျှကဦးနှောက်ထဲ တန်းမှတ်မိနေတာ မိတ္တူစက်ရိုက်နေသလိုပင်။

စာမေးပွဲကိုပုဒ်စေ့ ဖြေပြီးတာနဲ့ တန်းထွက်လာခဲ့သည်။ ပျင်းစရာကောင်းတဲ့ ကျောင်းခန်းထဲမှာ တစက္ကန့်လေးတောင်မနေချင်ပေ။stateကျောင်းတုန်းကဆရာမတွေ ဂျင်းထည့်ခဲ့တဲ့တက္ကသိုလ်ရောက်ရင် အေးဆေးဆိုတဲ့ စကားကလုံး၀ကိုမမှန်ပေ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now