Part 17 Uni/ZG

9.2K 407 8
                                    

Unicode

"ဖောင်း !! ဒုန်း.!! ခလွမ်း!! ငေး...!!"

ဆေးရုံကဆင်းတာတောင်မကြာသေးဘူး အိမ်မှာဘောလုံးကန်နေတယ်တဲ့ ။ ကန်တာလဲလွတ်လွတ်ကျွတ်ကျွတ် အပြင်ထွက်မကန်ဘူး အိမ်ထဲမှာ ပတ်မွှေနေတာ အမွှေစိန်ကတော့ ဟူး ။
ပြောမရဆိုမရလေးပါလား စကားလဲနားမထောင်ဘူး။

"ငေးရယ် အပြင်မှာထွက်ဆော့လေ ပန်းအိုးတွေထိပြီးကွဲကုန်ရင် ခြေထောက်ရှလိမ့်မယ် ငေးရဲ့"

"ဟာ မဆော့ချင်ပါဘူး အိမ်ထဲမှာဆော့တာပိုအဆင်ပြေတယ် အပြင်မှာကဆော့ရတာရိုးနေပြီမောင်ကလဲ"

ဟောဗျာ ။ အပြင်မှာဆော့ရတာ ရိုးလို့တဲ့ တကယ်ပါပဲ ။ ဘောလုံးသမားသာ ဖြစ်လို့ကတော့ သူ့အိမ်လဲရစရာရှိမယ်‌မထင် ။ မဟူတ်ဘူး ဘောလုံးချန်ပီယံ ကမှအပေါက်လမ်းတည့်သေးတယ် ။ ငေးနေရာမှူးကတော့ အပေါက်မတည့်ပါ ။ ဘယ်နေရာကန်ကန် အကုန်ကွဲတာပါပဲဗျာ ။

"ပြောရမရလဲ ဆော့ပါတော့ဗျာ..မောင်ကပဲအရှုံးပေးပါတယ် ဟုတ်ပြီလား"...!

ဧကရာဇ် စံအိမ်တော်ကြီးထဲက အလုပ်သမားတွေလဲ ခေါင်းတခါခါနဲ့ သက်ပြင်းသာချနေမိကြသည်။ ဒီသခင်လေး ရောက်လာမှပဲ အိမ်လဲရစရာမရှိတော့ဘူး ။ တစ်ခါတလေ သူတို့ကိုပင် ဘောလုံးလာမှန်တတ်သေးတယ် ။ ဒါကြောင့်မို့ အမြဲသတိကပ်ပြီး အလုပ်လုပ်ရသည် ။သခင်ကြီးကလဲ ဘာမှမပြော ၊ မပြောတာထက် သခင်လေးကိုမနိုင်တာဖြစ်သည် ။ မယက ကြီးက သူ့ယောင်္ကျားလေး‌ကို လုံး၀နိုင်အောင်မပြောနိုင်ပေ ။

သူတို့သခင်ကြီးကအရင်တုန်းကဆိုရင် အရမ်းစည်းကမ်းကြီးတဲ့သူပါ ။ အိမ်ထဲမှာထားသမျှပစ္စည်းတွေကလဲ ရှေးဟောင်းပစ္စည်းတွေ ၊နိုင်ငံခြားကနေ တန်ဖိုးကြီးပေး၀ယ်ထားတဲ့ ပစ္စည်းတွေကြည့်ပဲ ဒါကိုသခင်လေးဖျက်ဆီးနေတာကိုတော့ အပြုံးမပျက်ထိုင်ကြည့်နေသေးသည် ။

ညို့လဲ ငေးကိုကြည့်နေလိုက် ၊အလုပ်လုပ်လိုက်နဲ့ ညနေတောင်စောင်းသွားတယ် ။ တစ်ချက်လေး အလုပ်ထဲစိတ်ရောက်သွားတာကြောင့် ငေးကိုတောင်သတိမထားမိသလိုဖြစ်သွားသည် ။ဒီကောင်လေး ဘောလုံးမကန်တော့ပဲ ဘယ်နားသွားမွှေနေလဲ မသိပါဘူး ။ သူ့မျက်စိအောက်မှ မရှိတော့တာကြောင့် တစ်ခုခုထိခိုက်သွားမှာ စိုးရိမ်မိသည်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now