Part 14 Uni/ZG

9.9K 501 4
                                    

Unicode

ငေးပြန်မနိုးလာသေးတာ သုံးရက်မြောက်‌နေ့။

"ငေးလေး အိပ်တာအရမ်းကြာနေပြီလေ ၊ မ၀သေးဘူးလား ဟင်? မောင့်ဆီပြန်လာပါတော့.."

ချောမောနေသည့် မျက်နှာထက် မျက်ကွင်းညိုတွေကနေ မျက်ရည်စီးကျနေသည်။ သိပ်ပင်ပန်းခဲ့တာတောင် သူ့ချောမောမှုက ညိုးငယ်မသွားပေ။

ဒေါ်မှူးငယ်လဲကြည့်ရတာ စိတ်မချမ်းသာလိုက်တာ၊ ဟင်း ဒီကောင်လေးရဲ့အချစ်ကတယ်ကြီးသကိုး။ လပ်ထပ်ပေးဖို့ မိဘတွေဆုံးဖြတ်လိုက်တာ မကြာသေးပင်မဲ့ သူ့အချစ်က ခိုင်မာနေပြီ ။ သူ့သားလေးကို ဒီကောင်လေးလက်ထဲထည့်ရမှာ သူမစိတ်ချသွားပါပြီလေ။ ဂျစ်ကန်ကန်ဆိုးလွန်းတဲ့ သားလေးကို မတော်တရော် လူတွေနဲ့ တိုးသွားမှာ သူမစိုးရိမ်ခဲ့ရတာ ၊ အခုတော့ သားညို့လေးက ကူညီစောင့်‌ရှောက်ပေးမှာပါလေ ။

အခန်းတံခါး၀မှာ တိတ်ဆိတ်စွာ ရပ်နေရင်း အတွေးနယ်ချဲ့နေမိသည်။ သူမ လက်ရှိကိုပြန်ရောက်လာတော့ ကောင်လေးက သားကိုတစ်တွတ်တွတ်စကားဆိုနေလေရဲ့။ ဒီကောင်လေးက စကားအလွန်နည်းတာ သူမပထမဆုံးတွေ့တုန်းကသတိထားမိတယ်။ အခုတော့ သာလိကာလေးလို တကျိကျိနဲ့ သူ့ဆီပြန်လာပါဆိုပြီး တောင်းဆိုနေတာ ကလေးလေးတစ်ယောက်လိုပင် ။ သူလဲပင်ပန်းလောက်ရောပေါ့ ၊ သားလက်ကိုကိုင်ပြီး အိပ်ပျော်သွားလေပြီ။

ဟင်း ဒီကောင်လေးတွေနဲ့တော့ ခက်ပါတယ် ။ ဘေးကစောင်အပါးလေးကို လွှမ်းခြုံပေးခဲ့ပြီး ထွက်ခဲ့လိုက်သည်။ သူမသားကို လာကြည့်ပင်မဲ့ သူမလာကြည့်စရာပင်မလိုအောင် ပြည့်စုံနေပြီမို့ အိမ်ကိုသာ ပြန်ခဲ့လိုက်တော့သည်။

ထိုစဉ်....ကောင်လေးတစ်ယောက်ရဲ့ လက်‌ချောင်းလေးတွေ လှုပ်ခတ်သွားတာ ဘယ်သူမှမမြင်လိုက်ပေ ။

မျက်လုံးဖွင့်ဖွင့်ချင်း စူးရှသည့်အလင်း‌ ရောင်ကြောင့် သူချက်ချင်းပြန်မှိတ်လိုက်ရသည်။ ဖြေးဖြေးချင်း ဖွင့်လာတော့ သူ့လက်က နွေးထွေးတဲ့ခံစားမှုလေးကြောင့် ဘေးကိုငဲ့ကြည့်လိုက်သည် ။ တွေ့ပါပြီ ..သူ့ရဲ့မောင် ။ မောင် ဘာမှဖြစ်တာကို မတွေ့တာမို့ စိတ်အေးသွားရတယ် ။‌ တော်ပါသေးရဲ့ ...။ လက်ကိုအသာယာ ဆွဲထုတ်လိုက်ပြီး ခေါင်းလေးကိုပွတ်သပ်ပေးနေလိုက်တယ် ။ ဒီခံစားချက်က တကယ်ကိုကောင်းသည်။ မောင် ဘာကြောင့် သူ့ကိုခေါင်းခဏခဏ ပွတ်ရသလဲဆိုတာ အခုမှပဲနားလည်တော့တယ် ။ နှာတံမြင့်မြင့် ၊ မျက်ခုံးထူထူ ၊မျက်တောင် တိုစိပ်စိပ်ထူထူလေးတွေကြောင့် ကြည့်ရတာသဟဇာတဖြစ်လွန်းသည် ။ နှုတ်ခမ်းဆီအကြည့်ရောက်သွားတော့ တအား မနီပင်မဲ့ပန်းရောင်သန်းနေသည်။ အရင်ကသူ့ကိုဒီနှုတ်ခမ်းတွေနဲ့နမ်းခဲ့တာကို တွေးမိတော့ စိတ်လှုပ်ရှားသွားပြီး ပါးပြင်ထက်၀ယ် အနီရောင်သန်းသွားလေ သည် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now