Part 16.1 Valentine's Day

7.7K 384 7
                                    

Unicode

"ဒီက တိုတိုက ‌နေးနေနာနူးလား ဟင်"

၅နှစ်အရွယ် ကလေးလေးတစ်ယောက် ကသူ့ဆီလာပြီးမေးသည် ။ စကားမပီတပီကောင်လေးကအဝါရောင်ဂျင်း၀တ်စုံ နဲ့ အရုပ်လေးအတိုင်းပင် ချစ်စရာကောင်းသည် ။

"ဟုတ်ပါတယ်ဗျာ ကိုကိုက ငေးနေရာမှူးပါ"

ပါးလေးကိုဖျစ်ပြီးပြောတော့ ကလေးလေးက တခစ်ခစ်နဲ့ ရယ်လေသည် ။

"ကိုကို တားနဲ့ လိုက်ခဲ့ပေးနော်"

"ဟုတ်ပါပြီဗျာ ကလေးကဘယ်သွားမို့လဲ"

သူ့လက်ကိုဆွဲကာ ရှေ့ကနေ လှုပ်တုတ် လှုတ်တုတ်တဲ့ ချစ်စဖွယ်ကောင်းအောင် ဘုရားကဖန်ဆင်းပေးထားသလိုပင် ။ မျက်နှာမြင်ချစ်ခင်ပါစေဆုကို ဒီကလေးလေးကရထားတာပင် ။ကလေးသိပ်မချစ်တဲ့ ငေး‌လိုလူတောင် ဒီကလေးလေးကိုချစ်မိသည် ။

ငေး ကလေးလေးခေါ်ရာနောက် ရောက်လာသော်လဲ ဘယ်သူမှမတွေ့ ညကြီးမိုးချုပ် ဒီကလေးလေးကဘယ်ကပေါ်လာတာပါိလိမ့် ။ ဆေးရုံအပြင်တောင်ရောက်နေပြီ ဘယ်သူမှလဲတွေ့ ။

"ကလေး‌‌လေး သားကဘယ်သွားနေတာလဲ ဟင်"

"အာ ထနချောင့်ပါဦး တိုတိုရဲ့ ရောက်တော့မှာယာ"

"ဟုတ်ပါပြီဗျာ လာ လာ မြန်မြန်သွားမယ် အေးတယ်ဗျ"

ငေးလမ်းလျှောက်နိုင်ပြီဖြစ်သော်လဲ အရမ်းကြီးတော့ မကောင်းသေး အခုလိုအေးနေတဲ့အချိန်‌ဆို ဒဏ်ရာကကိုက်သည် ။ အခုတောင် အားတင်းပြီးလျှောက်နေရသည်။ အ‌ပေါ်အ၀တ်လဲ မပါလာတော့ နည်းနည်းချမ်းစိမ့်စိမ့်ဖြစ်နေတယ် ။ကလေးလေးကိုကြည့်လိုက်တော့ အေးနေတဲ့ပုံပေါက်ပင်မဲ့ သူ့လောက်တော့ မဆိုးပေ။

ဆေးရုံရဲ့ အနောက်ဥယျာဉ်ကိုရောက်တော့ ကလေးလေးက လက်ကိုဖြုတ်ပြီးပြေးထွက်သွားသည်။ ‌ဘယ်ကိုပြေးထွက်သွားမှန်း မသိလိုက် တော်တော်မြန်သည်။ သရဲများလား နော် ဟူး ကြောက်လိုက်တာ။ အစအနလဲရှာမတွေ့ ဘယ်သူ့မှလဲမရှိတော့ ကြောက်လာသည်။ ငေးနေရာမှူးက ရန်ဖြစ်နေပင်မဲ့ သရဲတော့အလွန်ကြောက်တတ်သည် ။ ထိုအချိန် ဖောက်ကနဲအသံအတူ မီးတွေလင်းလာသည် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now