Part 15Uni/ZG

10.2K 450 7
                                    

Unicode

အိပ်ရာကနိုးလာချိန် မောင်မရှိတော့ပေ။ သူ့ကိုတစ်ညလုံးစောင့်ခဲ့ပေးပင်မဲ့မနက်သူမနိုးခင်မှာ ထွက်သွားသည်။ ဘေးဘီဝေ့ကြည့်တော့
အညိုရောင်စာရွက်ပေါ်မှာ လက်ရေးလှလှလေးနဲ့ ရေးထားတာကိုတွေ့ရတယ် ။

* မောင် အလုပ်ကိစ္စရှိလို့အစောကြီးသွားလိုက်တယ်နော် ငေး ။ ငေးရဲ့ သူငယ်ချင်းတွေကိုလဲ မောင်ခေါ်ထားပေးတယ် ။ သူတို့ကငေးကိုလာအဖော်ပြုလိမ့်မယ်နော် ။ လိမ်လိမ်မာမာနဲ့ နေခဲ့ ၊ဆေးလဲသောက်ဦး ။ အာဘွား မောင်ကအများကြီးချစ်တယ်ဗျာ.....။ *

ရေးထားတဲ့စာလေးကိုဖတ်ပြီး တစ်ချက်ပြုံးလိုက်သည်။ နမ်းကြည့်တော့ သူကြိုက်တဲ့ချောကလက်အနံ့လေး ၊သူ့ကိုလူကိုယ်တိုင်မနှုတ်ဆက်သွားပင်မဲ့ စာလေးရေးချန်ခဲ့တယ်ဆိုတော့ သူ့ကိုအလေးထားတဲ့ သဘောသက်ရောက်သည် ။ နိုးနိုးချင်း စိတ်ကြည်လင်စွာ နေလိုက်ရသည်။ Kနဲ့ Y မျက်နှာသစ်ဖို့၊ အစားရော၊ ဆေးတွေပါ အကုန်လာလုပ်ပေးကြတယ် ။ ဒီလူတွေကိုသူမတွေ့ဖူးပင်မဲ့ သူ့ထက်တော့ကြီးမဲ့ပုံပင် ။

နေ့လည်ခင်း တရေးတမောအိပ်ပျော်သွားတာ နိုးလာတော့ ငှက်ဆိုးထိုးသံကိုချက်ချင်းကြားရတော့တာပဲ။

"ငေး မင်းကကွာ ငါတို့လာလိုက်တိုင်းအိပ်နေတာနဲ့အမြဲတိုးတယ်"...!!

"ငါ့လို လူနာကမအိပ်ပဲ ထကနေရမှာလား လီးစကားတွေပြောပြန်ပြီ".....!

"မင်းကကွာ စိတ်ကြည့်ပဲ နည်းနည်းပါးပါးလဲ‌ ဒေါသလေးလျော့ပါဦး"....!!

ဒီကောင်ကတော့ ရောက်လာ‌တာနဲ့ လူကိုစဖို့လောက်ပဲသိတယ် ။ ဟူး လူနာ၀တ်စုံကြီးနဲ့ ရန်မဖြစ်ချင်ပါဘူး ဆို ။

"ငါ့စိတ်ကိုတော်တော်ဆွဲဆန့်ထားတယ်နော် ငခန့် မင်းသိလိုက်တော့"....!

စိတ်မရှည်တော့တဲ့ မျက်နှာဘေးကြောင့် စတာကိုရပ်လိုက်ရတယ် ။ ဒီကောင်ကလွယ်တာမဟုတ်ဘူး ။ လူနာဖြစ်နေလဲ ထလုပ်ရင်လုပ်မှာ ဟူး....။ စချင်တာဝောာင် အ၀မစနိုင်တဲ့ငါ့ဘ၀ကြီးက သိပ်ကို သနားဖို့ကောင်းတယ် အူးဝါး ...။ စိတ်ထဲမှာသာ ငိုပစ်လိုက်ချင်တယ် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now