MN_[9]

10.5K 607 5
                                    

Unicode //

စားသောက်ပြီးတော့ ငေးနေရာတို့ နောက်တစ်နေရာ ဆက်သွားကြသည်။ အဓိက ငေးနေရာဒီနေ့ ညို့ဆီလာရတဲ့အကြောင်းက အမေကညို့ဆီကို အလည်သွားဆိုပြီးလွတ်လိုက်တာပင်...။မာတာမိခင်ကိုမလွန်ဆန်နိုင်သောကြောင့် ဒီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရသည်။

တစ်ခါထဲအပြင်ရောက်တာနဲ့ မာမီက မင်္ဂလာ၀တ်စုံသွားကြည့်ခဲ့ဆိုပြီး ရာဇသံပေးလိုက်၏..။

ဟူး ....မယူချင်သေးလဲ မာမီ့အမိန့်ကိုမလွန်ဆန်နိုင်၊ ကျစ် ငါဘယ်လိုငြင်းရမလဲနော်..။ ယောင်္ကျားမလိုချင်သေးဘူးလို့ ချီး ! ။

"ကဲ ကိုယ်တော် အတွေးလေးတွေရပ် ဆိုင်ရောက်ပြီ"...

"သိတယ်..."

ရှည်ကိုရှည်တယ်ဆိုသည့်အကြည့်နဲ့မျက်စောင်းထိုးပြီး ဆင်းသွားတဲ့ပေါက်စကိုကြည့်ပြီးရယ်မိသည်။ သူ့ကိုဒီလိုလုပ်ရဲတာ ဒီအကောင်ပေါက်တစ်ယောက်ပဲ ရှိသည်။ ဘလိုင်းကြီးလူကို မျက်စောင်းထိုးသွားတာ နဂါးဆိုညို့ပြာကျနေလောက်ပြီ အဟင်း.။

ဆိုင်ကိုကြည့်လိုက်တော့ အဆင့်တန်းအမြင့်စားထဲကပင်။ Rose wedding dress ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်ဖက်ပါသည်။ တဆိုင်လုံးအနီရောင်ကိုသာသုံးထားပြီး သန့်ရှင်းသပ်ရပ်နေသည်။

"ဟော ညို့ ယူရောက်လာပြီလားတို့ကညို့ကိုစောင့်နေတာ"...

"အင်း အခုပဲရောက်တာ မနောက်ကျဘူးမှတ်လား Rose"..

"မကျဘူး ဒါလေးက ယူ့ရဲ့ သတို့သားလောင်းလေးလား အိုး တကယ်ချစ်စရာလေးပဲ ရွေးတတ်လိုက်တာနော်"

"အဟွန်း ဟုတ်တယ် သူ့နာမည်က ငေးနေရာမှူးတဲ့ ငေး သူက ဒီဆိုင်ပိုင်ရှင် နှင်းဆီနီတဲ့"...

"တွေ့ရတာ၀မ်းသာပါတယ်ငေးနေရာ " ပြုံးချိုနေတဲ့ အမကြီးခင်ချင်စရာအတိ၊ နာမည်နဲ့လိုက်အောင် လူရောဆိုင်ရော လှသည်။ ခေတ်ဆန်သည့်အသွင်အပြင်ရှိသော်လည်း ခေတ်လွန်မနေပေ။

"ထပ်တူပါပဲ Rose"..

"ဒါဆို ကိုယ်တိုင်းယူမယ်နော် ဒီဖက်ကိုလာမောင်လေး ညို့ကိုယ်တိုင်းကတော့ရှိပြီးသားမို့ မယူတော့ဘူး"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Onde histórias criam vida. Descubra agora