"ငါ့မှာ ငါ့မှာ အင့် ဒီညီမလေးတစ်ယောက်ဘဲရှိတော့တာဟ အမေတို့ကိုကတိပေးထားတာ ညီမလေးကိုသေချာစောင့်ရှောက်ပါ့မယ်လို့ အခုတော့ အင့် အီး ဟီး "

သူနဲ့နှစ်ခုံကျော်မှာထိုင်နေသူဆီက ငိုသံတွေကိုဘာရယ်မဟုတ်ပေမယ့် လင်းနားထောင်နေမိသည်။မောင်နှမဆိုတဲ့ သံယောဇဉ်ကြိုးဟာ အခုလိုအချိန်မှာ ဘယ်လောက်ခံစားရခက်လိမ့်မလဲဆိုတာ လင်းတွေးရင်းနဲ့ ဝမ်းနည်းဝမ်းသာဖြစ်ရသည်။

'အင်း သူလေးလည်းအစ်ကိုကိုဆုံးရှုံးလိုက်ရတုန်းက ဒီထက်ပိုဆိုးမယ်ထင်တယ် ။တောင်းပန်ပါတယ် ပိုင် မင်းရဲ့ရင်ထဲကိုမမြင်နိုင်ခဲ့လို့၊'

စိတ်ထဲကနေတွေးရင်း ဒီကောင်လေးကိုပိုချစ်ပေးမယ်လို့လဲစိတ်ကူးလိုက်ပြီး ပြုံးမိသေးသည်။
၆နာရီလောက်ထိုင်စောင့်နေချိန်မှာ မီးနီလေးလင်းလာပြီး ခွဲခန်းထဲကထွက်လာတဲ့ပိုင် ကိုမြင်တာနဲ့ ပြေးဖက်လိုက်ခြင်သည်။သို့ပေမယ့်...

"​ဒေါက်တာ ကျွန်တော့် ညီမလေး အခြေအနေ ဘယ်လိုရှိလဲ အင့် ဒေါက်တာ"

ထိုင်နေရာကနေထမယ်ဟန်ပြင်တုန်း လူနာရှင်မိသားစုကအပြေးလေးသွားပြီး ပိုင့်လက်ကိုတင်းတင်းဆုပ်ကိုင်ကာ ငိုယိုပြီးမေးနေတာကြောင့် လင်းအလိုက်သိစွာဘဲ ရပ်နေလိုက်သည်။

"စိတ်လျော့ပါ အစ်ကို ကျွန်တော်တို့ ညီမလေးကိုကယ်လိုက်နိုင်ပါတယ်။အခုအသက်အန္တာရယ်မရှိတော့ပါဘူးဗျ၊စိတ်အေးအေးထားနော် နောက်ထပ်နာရီဝက်လောက်နေရင် အခန်းပြောင်းပေးမှာမို့ အဲ့ကျမှဝင်တွေ့လိုက်နော်"

"ကျေးဇူးတင်လိုက်တာ ဒေါက်တာရယ် ကျေးဇူးတင်ပါတယ်"

"အို... မဟုတ်တာ အစ်ကိုရယ် ထပါ အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်က ဆရာဝန်ပါ လူနာအသက်ကိုကယ်ရမှာကျွန်တော့်တာဝန်ပါဗျာ၊ဒီလိုကြီးမလုပ်ပါနဲ့ ကျွန်တော်ငရဲကြီးပါ့မယ်ဗျာ၊ ကျွန်တော်ကတောင်ကျေးဇူးတင်ပါတယ် အစ်ကိုညီမလေးကို အသက်ကယ်လိုက်နိုင်လို့"

လူနာရှင်အစ်ကိုက လက်အုပ်ချီကာ ပိုင့်အားထိုင်ကန်တော့တာကြောင့် ပိုင့်မှာအလျင်အမြန်ဘဲ ဆွဲထူလိုက်ရသည်။မောင်နှမသံယောဇဉ်ဆိုတာ သူလည်း ခံစားဖူးလို့ ဒီအစ်ကိုရဲ့ခံစားချက်ကို သူကောင်းကောင်းနားလည်သည်။

I will always be here for you.(Completed)Where stories live. Discover now