အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း

Начните с самого начала
                                    

ထိုသို့ပြုလုပ်နေခြင်းကြောင့်၊ လီပင်ချင်းနှင့် ကျိုးယုဟွာတို့သည် သူမအား ရှာမတွေ့နိုင်ကြချေ။ ကျိုးယုဟွာသည် အနည်းငယ် ပူပန်လာ၏။ "ကျွန်မက သူမဆီက ဘာကိုမှ မခံစားရဘူး။ သူမက ဘယ်နေရာမှာ ပုန်းနေတာလဲ? ကျွန်မတို့က ယွဲ့ဟုန်ယန်ရဲ့ တိုက်ခိုက်မှုတွေကိုလည်း ခုခံနေရသေးတယ်။ ကျွန်မက သူမကို ရှာဖို့ တစ်ခုတည်းသာ အာရုံစိုက်ရမယ်ဆိုရင်၊ သူမကို ရှာတွေ့နိုင်မှာ သေချာတယ်"

ပုန်းကွယ်နေသော နဂါးချောက်၏ အပြင်ဘက်တွင်မူ၊ ရှောင်ပုတန်လေးနှင့် ထွမ်းထွမ်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေသော ကျူးကော်ဖန်းလင်နှင့်၊ သတိကြီးစွာ ထားနေကြသော နေလဓားဂိုဏ်း စုံတွဲတို့အား ကြည့်နေကြကာ၊ တစ်ဝါးဝါးနှင့် ပွဲကျနေကြသည်။

ဝမ်လင်း၏ နှုတ်ခမ်းအစုံသည်လည်း တွန့်သွားခဲ့ကာ၊ "ဒါလည်းပဲ အသက်ရှင်နိုင်ဖို့ နည်းဗျူဟာ တစ်မျိုးလို့ပဲ တွက်ရမှာပေါ့?"

ယန်ချင်က ဣန္ဒြေရရဖြင့် ပြောလိုက်သည်။ "ဒါက ချုပ်တည်းခြင်း ပုံစံတစ်မျိုးပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်" ဇူရီက ထောက်ခံလိုက်ရင်း အနောက်သို့ လှည့်လိုက်ရာ၊ သူ၏ ပုခုံးတို့သည် အနည်းငယ် တုန်ခါသွားခဲ့သည်။

ပို၍ပို၍ များသောသူတို့သည် တကယ်တမ်း မည်ကဲ့သို့ ဖြစ်ပျက်နေကြသည်ကို ရိပ်စားမိလာကြ၍၊ ကြိတ်ရယ်နေကြသံများကို ပို၍ပို၍ ကြားလာရ၏။ နေလဓားဂိုဏ်းမှ အကြီးအကဲများသည် ချောက်အတွင်းမှ ထုတ်လွှတ်နေသော ပုံရိပ်တို့ကို မည်းမှောင်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။

"ငတုံးငအ နှစ်ကောင်!" နေလဓားဂိုဏ်းမှ ကျင့်ကြံသူတို့သည် ချောက်အတွင်းသို့ ပြေးဝင်သွားချင်စိတ် ပေါက်နေကြ၏။

အခြေတည်ဝိညာဉ် အဆင့်မှ အကြီးအကဲ အချို့မှာ၊ ချောက်အတွင်းသို့ ခုန်ဝင်သွား၍ လီပင်ချင်းနှင့် ကျိုးယုဟွာတို့၏ အင်္ကျီလက်စများကို ဆွဲယမ်းကာ ပြောချင်နေကြသည်။ "ဉာဏ်ရည်မမှီတဲ့ကောင်တွေ! မင်းတို့ သတိထားနေတဲ့သူက တကယ်ဆိုရင် အားနည်းတဲ့ လူသစ်လေးပဲ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeМесто, где живут истории. Откройте их для себя