ပါးမို့မို့လေးတွေအား Don နမ်းလိုက်တော့ ရှက်ပြီးပြေးထွက်သွားသေး....

နှစ်ယောက်သားဆိုင်တစ်ဆိုင်မှာ အဆာပြေဝင်စားပြီးတာနဲ့ ပန်းခြံသို့သာ ထွက်လာလိုက်သည်။ နေ့လည်ခင်းမရောက်သေးသောကြောင့် နေလဲမပူတာနဲ့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ နှစ်ယောက်သားလှဲကာ ကောင်းကင်ကြီးကိုကြည့်နေကြသည်။

သူများအတွဲတွေ Date သလို ရုပ်ရှင်ရုံတို့ ကစားကွင်းတို့ သွားမယ်ပြောတာကို Bing ကလက်မခံ လူမများပဲ အေးဆေးတဲ့နေရာသာသွားရန် ပြောသောကြောင့် ခုလိုလူရှင်းတဲ့ပန်းခြံထဲသာလာလိုက်သည်။ လူရှင်းတယ်သာပြောတာ ဒီလိုလူရှင်းအောင်လဲ Don တမင်ဖန်တီးထားတာပင်။

"အစ်ကိုလေး ဒီပန်းခြံက လူအတော်ရှင်းတာနော်"
"အင်းလေ ဟုတ်ပ။ ထားပါလေ Baby ဒီလိုပဲ လှဲနေချင်တာလား။"

"ဟုတ်....အစ်ကိုလေးဘေးမှာ သဘာဝတရားကိုခံစားရင်း နေနေချင်တယ်။ ရလား" မိမိအဖြေအား မျှော်လင့်တကြီးစောင့်စားနေသူလေးကြောင့် Don လဲ ခေါင်းညိမ့်ပြကာ
"ရတာပေါ့...Baby....."

Bing ခေါင်းအောက်ကို လက်အသာခုလိုက်တော့
"အစ်ကိုလေး လက်နာလိမ့်မယ်"
"Baby ခေါင်းလေးနာမှာ ကို ကိုယ်ကပိုကြောက်တာ"

ရွှန်းရွှန်းစားစား ကြည့်လာသောအကြည့်တွေကို Bing မှာ ရင်မဆိုင်ရဲတာကြောင့် ခေါင်းအရင်လွှဲလိုက်ရသည်။

စိတ်ထဲအတိတ်က အချိန်တစ်ခုဆီသို့သာတွေးရင်း လွမ်းဆွတ်နေမိပြန်သည်။

နေ့လည်ရောက်တော့ နေလဲပူလာတာကြောင့် Don ကပဲ
"Baby နေ့လည်စာသွားစားရအောင်။"
"ဟုတ်..."

အစားအသောက်တွေဘယ်လောက်ကောင်းတယ်ပြောပြော သားသမီးတွေအတွက်က အိမ်မှာအမေချက်သောလက်ရာကသာ အကောင်းဆုံးလို့ မှတ်ယူထားတာမှတ်လား။ ခုလဲ အရှေက စုံနေသောစားစရာတွေကိုကြည့်ရင်း Bing အိမ်ကိုလွမ်းလာမိပြန်သည်။

ဒီရောက်တော့ အစ်ကိုလေးကိုလဲကျေးဇူးတင်မိပြန်သည်။ မိမိထင်ထားတာ ကျွေတစ်ယောက်လို မိမိဘဝကို ကုန်ဆုံးရမယ်လို့ပင်။ ဒါပင်မဲ့ အစ်ကိုလေးရဲ့ စိတ်ထားကြောင့် ခုလို နေနေရတာ အစ်ကိုလေးကျေးဇူးမိမိပေါ်မှာ အများကြီး ရှိသည်ပင်။

Near the love (Complete)Where stories live. Discover now