💜Part 1💜

107K 4.4K 40
                                    

"မိညိုရေ သားထွေးလေးသတိရလာပြီ သွား...မြန်မြန်ဟိုဘက်ခြံက ဒေါက်တာခင်မောင်ရင် ကိုသွားခေါ်ချေ။"

အသက်လတ်ပိုင်းလောက်ရှိမည့် အမျိုးသမီးတစ်ဦး၏အသံကို ကျွန်တော်ကြားနေရတယ်။

ကျွန်တော်ဘယ်နေရာကိုရောက်နေလဲကျွန်တော်မသိ။ ဒါပေမဲ့ ကျွန်တော်အခုရောက်နေတဲ့နေရာဟာ ကျွန်တော်နဲ့မရင်းနှီးဘူးဆိုသည်ကိုတော​့ ကျွန်တော်ခံစားမိသည်။

မနေ့ကဘာတွေဖြစ်ခဲ့တာလဲ....ဦးနှောက်ကို Recall ပြန်ခေါ်ကြည့်စမ်း....စဥ်းစား...စဥ်းစား...

ကျွန်တော်မှတ်မိပြီ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ည​နေဘက်စက်ဘီးထွက်စီးကြရင်း ကျွန်တော့် အရှေ့ကို ကားတစ်စီး
အရှိန်လွန်ထိုးစိုက်ပြီး
ကျွန်တော်သတိလစ်သွားတာပဲ။

ဒါဆို  အခုကျွန်တော်ရောက်နေတဲ့နေရာက?

ထိုအခိုက်ဆရာဝန်ဖြစ်ဟန်တူသောလူတစ်ဦးက ကျွန်တော်အိပ်နေသောကျွန်တော့် ကုတင်ခေါင်းရင်းဘက်နားကို ဆေးလွယ်အိတ်လည်းချရင်းဝင်ထိုင်သည်။

ဆရာဝန်တို့ထုံးစံအတိုင်းကျွန်တော့်ကိုသွေးပေါင်ချိန်တိုင်း ၊ အဖျားသွေးစစ်ပြီး ကျွန်တော့်ကို မှာစရာရှိတာမှာသည်။

"နောက်တစ်ခါအခုလိုမရူးမိုက်နဲ့ညီထွေး"

"ဗျာ...."

"ညီထွေးရယ်တစ်ခါတစ်လေမှာနှလုံးသားထက်ဦးနှောက်ကိုအရေးပေးရမဲ့အရာတွေရှိတယ်ကွ"

ထိုသူက ကျွန်တော့်ကိုလည်းစကားပြောရင်းသူ့ဆေးလွယ်အိတ်ထဲလည်းဆေးဝါးတွေဟိုထုတ်သည်ထုတ်။ဟိုထည့်သည်ထည့်နဲ့အလုပ်ရှုပ်နေသည်။

"ဒေါ်ဒေါ်ရေ ညီထွေးကအားလုံးကောင်းပါတယ် အခုတော့သူအားရှိ​ေအာင် ကျွန်တော်အားဆေးတွေပဲပေးခဲ့မယ်"

"ကျေးဇူးတင်ပါတယ်မောင်ခင်မောင်ရင်ရယ်...မင်းညီထွေးကလေ ဘာတွေလျှောက်လုပ်မိလည်းဒေါ်ဒေါ်ဖြင့်မတွေးဝံ့ဘူး။ အခုကစပြီးသူကိုပဲအရိပ်တကြည့် ကြည့်နေရတော့မယ်"

ဒါဆို ဒီအမျိုးသမီးက ကျွန်​ေတာ့် မေမေဖြစ်ဟန်တူသည်။ ဒါဆို ငါက မဟုတ်မှလွဲ....Time travel လာတာလား? Fu*k စောက်တလွဲတွေတော့ဖြစ်ပြီ မင်းဘုန်းရေ။

ချစ်သော "ထွေး" (Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα