ကလေး လူကြီးစကားပြောနေသလို ပြောလာတဲ့ သားဖြစ်သူကိုကြည့်ရင်း သူရယ်မိလိုက်တယ်~ဘယ်နှယ့် တွေ့တာ မိနစ်ပိုင်းပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို အသေးစိတ် လိုက်ကြည့်ထားတာ~

"ဟုတ်ပါပြီကွာ"

နောက်ပြီးမှ ဂေဟာမှူးနဲ့ စကားပြောပြီး စာချုပ်ချုပ်ခဲ့ကြတယ်~

နောက်တော့ ဂေဟာမှူးကပြောလာတယ်~

"ဟယ်ရီလေးက ကံကောင်းတဲ့ ကလေးလေးပဲ~"

"ရှင် ဘာဖြစ်လို့လဲ!?"

"ဒီကလေးကို စောစောလေးကတင် ဂေဟာရှေ့မှာ လာစွန့်ပစ်ထားတာ ဟိုညီမလေးက တွေ့ပြီးခေါ်လာပေးတာ~"

"ဘယ်လို မိဘက ဘယ်လိုစိတ်နဲ့များ စွန့်ပစ်ရက်လဲ မသိပါဘူးရှင်~"

ပြောရင်းဆိုရင်းပဲ ဂေဟာမှူးလက်ထဲက ကလေးလေးကို လက်လွှဲယူလိုက်တဲ့ အမျိုးသမီး။

"ဒါနဲ့ ဂေဟာမှူး ကလေးနာမည်က ဟယ်ရီတဲ့လား~"

"ဟုတ်တယ် မျိုးရိုးနာမည်တော့ မရေးထားဘူး~စာကဒ်လေးတစ်ကဒ်ပဲ ချန်ထားခဲ့တာ~"

~မာမီ့ကို ခွှင့်မလွတ်ပါနဲ့ သားလေးရယ်~

                                     ကောင်းကောင်း ကြီးပြင်းလာပေးပါ ဟယ်ရီလေး~

စာကဒ်လေးကို ဖတ်ပြီးတာနဲ့ သူမ ပိုက်ဆံအိတ်ထဲ ထည့်လိုက်တယ်။

"ကျွန်မတို့ကို ခွှင့်ပြုပါအုံးနော်"

"ဟုတ်ပါပြီရှင် သားလေး ရွန် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေကွယ်~"

"ဟီး ဟုတ် ကျေးဇူးပါဗျ"

ဆိုပြီးနောက် အပြန်အလှန်နှုတ်ဆက်ပြီး မိသားစုလေးလည်း အိမ်ကို ပြန်လာကြတယ်~

"ကိုယ်အစက ကိုယ်တို့ သားအပိုတွေ လုပ်ပြောနေတယ်ထင်တာ~အခုတော့ ကလေးလေးက တကယ်ချစ်စရာလေးပဲ~"

"ဟုတ်ပါ့ရှင် အသားလေးကလည်း ဖွေးပြီးအိနေရော~"

"မာမီ!!"

သူ့အမေဘေးမှာ ထိုင်ရင်းနဲ့ ဆူပုတ်ပြီး အော်နေတဲ့ ရွန်ပါ~

"ဘာဖြစ်လို့လဲ သားသားရဲ့~"

"သားကိုလည်း ပေးချီအုံးလေ မာမီတို့ပဲ ချီနေကြတာ သားညီလေးကို~"

~DON'T BLAME ME~Where stories live. Discover now