အဲ့နေ့က ကျွန်တော့်ရဲ့ ​ခြောက်နှစ်ပြည့်မွေးနေ့လေးပေါ့~

Flash back~

မိဘမဲ့ဂေဟာလေးတစ်ခုမှာ မွေးနေ့အထိမ်းအမှတ်အလှူလေးလာလုပ်တဲ့ မိသားစုလေးတစ်စု~

"ကယ် သားသား ဒီနေ့ သားလေးက ခြောက်နှစ်ပြည့်သွားပြီနော် ပြော မား သားလေး မွေးနေ့လက်ဆောင်ဘာလိုချင်လဲ~"

ဆိုကာ ပြုံးရွှင်ကာ မေးလာတဲ့ အမျိုးသမီးတစ်ယောက်။

"မာမီ~သား ညီလေးတစ်ယောက်လိုချင်တယ်~"

အဲ့ဒီ စကားကြားတော့ ရုတ်ချည်းမျက်နှာပျက်သွားတဲ့ အမျိုးသမီး~သူမဟာ သူမရှေ့က ဒီလူသားလေးကိုတောင် ခက်ခက်ခဲခဲ ကြိုးစားပြီးယူထားရတာ~နောက်တစ်ယောက်ဆိုတာ မဖြစ်နိုင်ဘူးလေ။

ထိုအခါ သူမရဲ့ အမျိုးသားလို့ ထင်ရတဲ့သူက~

"သားသား တခြားလက်ဆောင်ကော မလိုချင်ဘူးလား~"

"ဟင့်အင်း"

"အင်းပါ အဲ့တာဆို အခု ဟိုဖက်မှာ သူငယ်ချင်းတွေနဲ့ ခနသွားဆော့နေအုံးနော်"

"ဟုတ်ကဲ့"

ဆိုကာ လှုပ်စိလှုပ်စိနဲ့ ပြေးသွားတဲ့ ကလေးလေး~

"မိန်းမ~"

"ကျွန်မလေ ဖြစ်နိုင်ရင် သားလေးလိုချင်တဲ့ မောင်နှမလေးတွေ မွေးပေးချင်ပါတယ်ရှင်~သူခဗျာ တစ်ယောက်တည်း အဖော်မရြှိဖစ်နေရှာတာ~"

"အော် မိန်းမရယ် မဖြစ်နိုင်တဲ့ အရာတွေကို တွေးပြီး ဝမ်းနည်းမနေပါနဲ့~သားလေးက နားမလည်သေးလို့ပါ~"

ဆိုကာ ထိုအမျိုးသမီးကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တယ်~ဝမ်းနည်းနေတဲ့ သူမအတွက် သူမချစ်တဲ့ယောက်ျားရဲ့ ထွေးပွေ့မှု့က အများကြီး စိတ်သက်သာရာရစေပါတယ်။

"အစ်ကို ကျွန်မတို့ ကလေးမွေးစားကြမလား~"

"မင်းသဘောပါ အချစ်ရယ်~မင်းသာ မွေးစားဖို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ်မတားပါဘူး~"

ထိုအချိန်~

"မာမီ!!ဒယ်ဒီ!!"

"သားသား ဖြည်းဖြည်းချောလဲမယ်!"

~DON'T BLAME ME~Where stories live. Discover now