"ဟယ်ရီ~"

ညင်သာစွာခေါ်ရင်း ဟယ်ရီ့ဘေးနားသွားထိုင်ကာ ပုခုံးနှစ်ဖက်ကို လှမ်းထိန်းကာ ကိုင်လိုက်တယ်~

"ဆက်ပြောချင်ရင် ပြောပါ ကိုကို နားထောင်ပေးမယ်~ငယ်လေး ကြားခဲ့ရတဲ့ ကိစ္စတွေက ကောင်းတဲ့ ကိ္စ္စတွေ မဟုတ်ဘူးဆိုတာ ကြိုတွေးပြီးသား~မှတ်ထားပါ မင်း ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် မင်းဟာ ငါ့ညီလေးပဲ~မင်းဘေးမှာ ဘယ်သူ့မှ မရှိတော့ဘူးဆိုရင်တောင် ဒီက မင်းအစ်ကို ရှိနေပေးမှာမို့လို့~ကိုကို မင်းကို အရမ်းချစ်တာ မင်းသိတယ်မလား~"

ထိုစကားအဆုံး သူ့ကို ဖက်ကာ ရှုံပွဲချငိုချလာသော ဟယ်ရီကြောင့် သူ့စိတ်နှလုံးတွေ အစိတ်စိတ်အမြွှာြမွှာ~သွေးသားရင်း မဟုတ်ပေမယ့် သွေးသားရင်းထက်ကို ပိုချစ်ခဲ့တာမလို့ ဒီကလေးကို ပျော်ပျော်ရွှင်ရွှင်လေးပဲ နေစေချင်တယ်။

ခနလောက်ကြာပြီးမှ~

"ကိုကို~"

"ဟင်~"

"ကျွန်တော် လူသတ်ခဲ့တယ် သိလား~အများကြီးပဲ~"

"ကိုကို သိတယ်~"

"ဟင်!"

သူစကားကြားတော့ အံ့ဩသွားတယ်ထင်ပါ့~

"ကိုကို့ ညီလေးနဲ့ ပတ်သက်တာ ကိုကို သိတာပေါ့~"

"ဒါဆို D....."

"သူမသိပါဘူး သူသိလည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး~"

"ကိုကိုက ဘာလို့ အတပ်ပြောနိုင်ရတာလဲ~"

"အဲ့ဒီကောင်ကို မင်းနဲ့မပေါင်းခင်တည်းက ကိုကို ပေါင်းလာတာပါကွာ~အဲ့ဒီကောင်ကြီးလား မင်းကို အပြစ်ပြောမှာ~လူသတ်ရုံမကလို့ လုပ်ချင်ရာလုပ် အကုန်သူ လိုက်ရှင်းပေးမယ်ဆိုတဲ့ လူမျိုး~အခု ငယ်လေး သတ်တယ်ဆိုတာကလည်း သူ့ကြောင့်ပဲလေ~ဟိုအကောင်က ပျော်ပြီးတော့တောင် သေသွားအုံးမယ်~"

"ကိုကို~"

သူ့ကို အပိုတွေ ပြောနေတယ်ဆိုတဲ့ ဆိုဒ်နဲ့ ကြည့်လာတဲ့ ဟယ်ရီ~

"တကယ်ပြောတာ~"

"ပြီးတော့ ကျွန်တော့်အဖေအရင်းက လူသတ်သမားတဲ့~"

~DON'T BLAME ME~Where stories live. Discover now