"ဟီး ဟုတ် ကျေးဇူးပါဗျ"

ဆိုပြီးနောက် အပြန်အလှန်နှုတ်ဆက်ပြီး မိသားစုလေးလည်း အိမ်ကို ပြန်လာကြတယ်~

"ကိုယ်အစက ကိုယ်တို့ သားအပိုတွေ လုပ်ပြောနေတယ်ထင်တာ~အခုတော့ ကလေးလေးက တကယ်ချစ်စရာလေးပဲ~"

"ဟုတ်ပါ့ရှင် အသားလေးကလည်း ဖွေးပြီးအိနေရော~"

"မာမီ!!"

သူ့အမေဘေးမှာ ထိုင်ရင်းနဲ့ ဆူပုတ်ပြီး အော်နေတဲ့ ရွန်ပါ~

"ဘာဖြစ်လို့လဲ သားသားရဲ့~"

"သားကိုလည်း ပေးချီအုံးလေ မာမီတို့ပဲ ချီနေကြတာ သားညီလေးကို~"

ထိုကလေးစကားကြားပြီး ရယ်နေကြတဲ့ မိဘနှစ်ဉီး~

"ဟုတ်ပါပြီရှင် ယူပါနော် ယူပါ ဂရုစိုက်ပြီး ချီရမယ်နော်"

"အင်း"

ဆိုကာ ကလေးလေးကို ချီထားတဲ့ ရွန်နဲ့ သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေတဲ့ သူတို့၏မာမီ နဲ့ ဒယ်ဒီ~

Flash back end~

~~~~~~~~~~~~~~~~~
"ငယ်လေး~"

"-----"

​"သေချာနားထောင်နော်~"

"------"

"ကိုကိုလေ မင်းကို မင်း မွေးကင်းစအရွယ် အနှီးထုပ်လေးထဲမှာ မြင်မြင်ပြီးချင်းပဲ ကိုကို့မိဘတွေကို မင်းကို တောင်းပေးဖို့ ပူဆာခဲ့တာ~ငယ်ငယ်လေးကတည်းက မင်းကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တာ~မင်းမေးတဲ့ မေးခွန်းအရဆိုရင်တော့ ဟုတ်တယ် မင်းဟာ ကိုကို့ ညီအရင်းမဟုတ်ဘူး။

ဒါပေမယ့် ကိုကို ဘယ်တုန်းကမှ မင်းနဲ့ သွေးသားမတော်စပ်ဘူးလို့ မတွေးခဲ့ဘူး~အဲ့တာကြောင့် မင်းဟာ ကိုကို့ညီပဲ~အရင်ကရော အခုရော နောင်ရော အဲ့ဟာက ပြောင်းလဲသွားမှာ မဟုတ်ဘူး။"

"ဒါဆို ကျွန်တော် ဘယ်သူလဲရော သိလား"

အတုန်တုန်အရီရီနဲ့ မေးလာတဲ့ ကောင်ငယ်လေးကို ရွန် ခေါင်းသာခါပြလိုက်တယ်~

"သိစရာလည်းမလိုဘူး ဟယ်ရီ"

"ကျွန်တော်တော့ သိတယ်"

ထိုကလေးစကားကြောင့် သူကြောင်သွားတယ်~

"ဟိုတစ်နေ့က လူတစ်ယောက် ဒီအကြောင်းတွေ အကုန်လာပြောပြသွားတယ်~"

~DON'T BLAME ME~Where stories live. Discover now