"ဟုတ်ပါပြီရှင် ရှင်တို့သားအဖ ခနနေကြပါအုံး အကျိုးအကြောင်းမေးပါအုံးမယ်ရှင်~"

ဆိုကာ ဂေဟာမှူးနဲ့ စကားသွားပြောတဲ့ အမျိုးသမီး~

"ဒယ်ဒီ ရအောင် တောင်းပေးနော်"

"ဟုတ်ပါပြီကွာ ဘာလို့ အဲ့ဒီကလေးလေးကိုမှ လိုချင်ရတာလဲ"

"ဒယ်ဒီကလည်း ဒယ်ဒီသေချာမမြင်ရသေးလို့ အဲ့ဒီကလေးလေးက အရမ်းချစ်ဖို့ကောင်းတာ မျက်လုံးတွေကလည်း အစိမ်းရောင်လေးတွေ~သူသာ သားညီလေးဖြစ်ရင် အရမ်းကောင်းမှာ~"

ကလေး လူကြီးစကားပြောနေသလို ပြောလာတဲ့ သားဖြစ်သူကိုကြည့်ရင်း သူရယ်မိလိုက်တယ်~ဘယ်နှယ့် တွေ့တာ မိနစ်ပိုင်းပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို အသေးစိတ် လိုက်ကြည့်ထားတာ~

"ဟုတ်ပါပြီကွာ"

နောက်ပြီးမှ ဂေဟာမှူးနဲ့ စကားပြောပြီး စာချုပ်ချုပ်ခဲ့ကြတယ်~

နောက်တော့ ဂေဟာမှူးကပြောလာတယ်~

"ဟယ်ရီလေးက ကံကောင်းတဲ့ ကလေးလေးပဲ~"

"ရှင် ဘာဖြစ်လို့လဲ!?"

"ဒီကလေးကို စောစောလေးကတင် ဂေဟာရှေ့မှာ လာစွန့်ပစ်ထားတာ ဟိုညီမလေးက တွေ့ပြီးခေါ်လာပေးတာ~"

"ဘယ်လို မိဘက ဘယ်လိုစိတ်နဲ့များ စွန့်ပစ်ရက်လဲ မသိပါဘူးရှင်~"

ပြောရင်းဆိုရင်းပဲ ဂေဟာမှူးလက်ထဲက ကလေးလေးကို လက်လွှဲယူလိုက်တဲ့ အမျိုးသမီး။

"ဒါနဲ့ ဂေဟာမှူး ကလေးနာမည်က ဟယ်ရီတဲ့လား~"

"ဟုတ်တယ် မျိုးရိုးနာမည်တော့ မရေးထားဘူး~စာကဒ်လေးတစ်ကဒ်ပဲ ချန်ထားခဲ့တာ~"

~မာမီ့ကို ခွှင့်မလွတ်ပါနဲ့ သားလေးရယ်~

                                     ကောင်းကောင်း ကြိီးပြင်းလာပေးပါ ဟယ်ရီလေး~

စာကဒ်လေးကို ဖတ်ပြိိီးတာနဲ့ သူမ ပိုက်ဆံအိတ်ထဲ ထည့်လိုက်တယ်။

"ကျွန်မတို့ကို ခွှင့်ပြုပါအုံးနော်"

"ဟုတ်ပါပြီရှင် သားလေး ရွန် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေကွယ်~"

~DON'T BLAME ME~Onde histórias criam vida. Descubra agora