"အစ်ကို ကျွန်မတို့ ကလေးမွေးစားကြမလား~"

"မင်းသဘောပါ အချစ်ရယ်~မင်းသာ မွေးစားဖို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ်မတားပါဘူး~"

ထိုအချိန်~

"မာမီ!!ဒယ်ဒီ!!"

"သားသား ြဖည်းြဖည်းချောလဲမယ်!"

"မလဲပါဘူး မာမီရဲ့"

"ကယ် ပြောပါအုံး ဒယ်ဒီ့သားလေး ဘာဖြစ်လာတာလဲ"

"သားနဲ့လိုက်ခဲ့~"

ဆိုကာ မိဘနှစ်ပါးရဲ့လက်ကို ဆွဲရင်း ဂေဟာထဲကို ဝင်လာခဲ့လိုက်တယ်~

"သားသား ဘာလုပ်မလို့လဲ~"

သူမ မေးတာကို အဖြေမပြန်ဘဲ ဂေဟာက လူကြီး တစ်ယောက်ကို~

"အန်တီ~"

"အော် သားသား ပြောလေ~"

"ခုနကလေ အန်တီချီသွားတဲ့ ကလေးလေးရောဟင်~"

မျက်လုံးဝိုင်းလေးတွေနဲ့ မေးလာတဲ့ ကောင်လေးက ကလေးလေး ကို ဘာလို့မေးတာပါလိမ့်။

"ဟိုဖက် အခန်းထဲမှာလေ သားသားရဲ့ ဘာလုပ်မလို့လဲ~"

"မျက်လုံးစိမ်းစိမ်းလေးတွေနဲ့ ကလေးလေးနော်~"

"ဟုတ်ပါတယ် သားသားရယ်~"

"ကျေးဇူးပါ အန်တီ မာမီ လာ!!"

ဆိုကာ သူ့အမေလက်ကို ဆွဲကာ တစ်ဖက်ခန်းထဲ ဝင်သွားလေတယ်။အနောက်က မိဘနှစ်ပါးကတော့ သူတို့သားလေး ဘာလုပ်မလဲဆိုတာသာ စဉ္းစားရင်းလိုက်ပါလာခဲ့တယ်~

အခန်းထဲရောက်တော့ ဂေဟာမှူးလက်ထဲမှာ နို့ဘူးလေးစို့ရင်း အိပ်ပျော်နေတဲ့ မွေးကင်းစကလေးလေး ကို လက်ညိုးထိုးရင်း~

"မာမီ သား အဲ့ဒီကလေးလေးကို ညီလေး အဖြစ်လိုချင်တယ် သားအတွက် တောင်းပေးပါနော်~"

"ဘယ်လို!?"

"တောင်းပေးပါနော် မာမီ နော်!"

သူမ သားလေးဟာ အနေတည်တဲ့ လူမျိုးမဟုတ်ပေမယ့် ဒီလောက်ထိ အသည်းအသန်ဖြစ်နေတာတော့ အခုမှပဲတွေ့ဖူးခဲ့တာ။

"ကယ် မိန်းမ အဲ့ဒီကလေးလေးကိုပဲ မွေးစားကြတာပေါ့~သားလေးကလည်း သဘောကျနေတာဆိုတော့~"

~DON'T BLAME ME~Where stories live. Discover now