ထိုကလေးစကားကြားပြီး ရယ်နေကြတဲ့ မိဘနှစ်ဉီး~

"ဟုတ်ပါပြီရှင် ယူပါနော် ယူပါ ဂရုစိုက်ပြီး ချီရမယ်နော်"

"အင်း"

ဆိုကာ ကလေးလေးကို ချီထားတဲ့ ရွန်နဲ့ သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေတဲ့ သူတို့၏မာမီ နဲ့ ဒယ်ဒီ~

Flash back end~

~~~~~~~~~~~~~~~~~
"ငယ်လေး~"

"-----"

"သေချာနားထောင်နော်~"

"------"

"ကိုကိုလေ မင်းကို မင်း မွေးကင်းစအရွယ် အနှီးထုပ်လေးထဲမှာ မြင်မြင်ပြီးချင်းပဲ ကိုကို့မိဘတွေကို မင်းကို တောင်းပေးဖို့ ပူဆာခဲ့တာ~ငယ်ငယ်လေးကတည်းက မင်းကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တာ~မင်းမေးတဲ့ မေးခွန်းအရဆိုရင်တော့ ဟုတ်တယ် မင်းဟာ ကိုကို့ ညီအရင်းမဟုတ်ဘူး။

ဒါပေမယ့် ကိုကို ဘယ်တုန်းကမှ မင်းနဲ့ သွေးသားမတော်စပ်ဘူးလို့ မတွေးခဲ့ဘူး~အဲ့တာကြောင့် မင်းဟာ ကိုကို့ညီပဲ~အရင်ကရော အခုရော နောင်ရော အဲ့ဟာက ပြောင်းလဲသွားမှာ မဟုတ်ဘူး။"

"ဒါဆို ကျွန်တော် ဘယ်သူလဲရော သိလား"

အတုန်တုန်အရီရီနဲ့ မေးလာတဲ့ ကောင်ငယ်လေးကို ရွန် ခေါင်းသာခါပြလိုက်တယ်~

"သိစရာလည်းမလိုဘူး ဟယ်ရီ"

"ကျွန်တော်တော့ သိတယ်"

ထိုကလေးစကားကြောင့် သူကြောင်သွားတယ်~

"ဟိုတစ်နေ့က လူတစ်ယောက် ဒီအကြောင်းတွေ အကုန်လာပြောပြသွားတယ်~"

"ဟယ်ရီ~"

ညင်သာစွာခေါ်ရင်း ဟယ်ရီ့ဘေးနားသွားထိုင်ကာ ပုခုံးနှစ်ဖက်ကို လှမ်းထိန်းကာ ကိုင်လိုက်တယ်~

"ဆက်ပြောချင်ရင် ပြောပါ ကိုကို နားထောင်ပေးမယ်~ငယ်လေး ကြားခဲ့ရတဲ့ ကိစ္စတွေက ကောင်းတဲ့ က္စိ္စတွေ မဟုတ်ဘူးဆိုတာ ကြိုတွေးပြီးသား~မှတ်ထားပါ မင်း ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် မင်းဟာ ငါ့ညီလေးပဲ~မင်းဘေးမှာ ဘယ်သူ့မှ မရှိတော့ဘူးဆိုရင်တောင် ဒီက မင်းအစ်ကို ရှိနေပေးမှာမို့လို့~ကိုကို မင်းကို အရမ်းချစ်တာ မင်းသိတယ်မလား~"

~DON'T BLAME ME~Where stories live. Discover now