Chapter 8 (Z)

764 67 2
                                    

Chapter 8

" မမလေး... တကယ်ကို လှလွန်းနေတာပါပဲ... "

ယနေ့တွင်တော့ Tillyဟာ အဝါရောင်ချိတ်ပိုးထည်ဂါဝန်လေးကို ဝတ်ဆင်ထားချေ၏... ဂါဝန်သည် လည်ပင်းအလှကို ပေါ်လွင်နေသောပုခုံးပျောက်ပုံစံဖြစ်ကာ သူမသည် ပယင်းရောင်ရတနာတို့နှင့်အလှဆင်ထားသော လည်ဆွဲတစ်ခုကိုပါ ဆင်မြန်းထားလိုက်သေးသည်...

သူမရဲ့မျက်နှာတွင်တော့ မိတ်ကပ်ပါးပါးကိုသာ လိမ်းခြယ်ထားပေတယ်... သို့သော် သူမရဲ့ပါးပြင်လေးနှင့် နှုတ်ခမ်းသားလေးတို့က ဘာမျှမလိမ်းရသေးလျှင်တောင် နီမြန်းလို့နေပြီးသားပင်... ဆံနွယ်တို့ကိုတော့ Tillyရဲ့အစေခံမလေးဖြစ်တဲ့Isabellaမှ လှပသော သရဖူပုံစံကျစ်ဆံမြီး ကျစ်ပေးထားပြီး Tillyဝတ်ဆင်ထားသောလည်ဆွဲနှင့်လိုက်ဖက်မည့် ပန်းပွင့်လေးများလည်း ပန်ပေးထားလိုက်လေသည်...

" ကျေးဇူးပါ Isabella... " Tillyဟာ မှန်မျက်နှာပြင်ပေါ်မှIsabella၏ပုံရိပ်ယောင်လေးကို ကြည့်ရင်း ပြောလိုက်လေတယ်... လက်ရှိတွင် အခန်းထဲ၌ သူမနှင့်Isabellaတို့နှစ်ဉီးသာ ရှိနေခြင်းပင်... " Isabella... ငါလေ ကပ္ပတိန်Kihoကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး... "

Tilly၏စကားကို ကြားလိုက်ချိန်တွင် Isabellaရဲ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့တော့၏... " မ...မမလေး... မမလေး ပြောခဲ့သလိုမျိုး ကပ္ပတိန်Kihoနဲ့ပတ်သက်တဲ့ကောလဟာလတွေ လူတွေ ကြောက်အောင် တမင်ချဲ့ကားထားတယ်ဆိုတာ သိပါတယ်... ဒါ...ဒါပေမယ့်လေ... မြွေနက်သူရဲကောင်းအဖွဲ့က အင်ပါယာသခင်အတွက် တစ်ယောက်ယောက်ကို လုပ်ကြံပေးရတာမျိုး၊ ချောင်းမြောင်းတိုက်ခိုက်ရတာမျိုးဆိုတဲ့အလုပ်တွေ လုပ်ပေးနေရတယ်ဆိုတာ ဒီတိုင်းပြည်ထဲမှာ မသိတဲ့သူ မရှိသလောက်ပါပဲ... သူရဲကောင်းအဖွဲ့ ၄ဖွဲ့ထဲမှာ မြွေနက်သူရဲကောင်းအဖွဲ့က ကြောက်စရာအကောင်းဆုံးပဲလေ မမလေး...  "

Moonchesterတိုင်းပြည်ရဲ့အင်ပါယာသခင်၏လက်အောက်တွင် သူရဲကောင်းအဖွဲ့၎ဖွဲ့ရှိလေတယ်...
၁။ မြွေနက်သူရဲကောင်းအဖွဲ့
၂။ ရွှေကျားသူရဲကောင်းအဖွဲ့
၃။ နဂါးပြာသူရဲကောင်းအဖွဲ့
၎။ ဖီးနစ်နီသူရဲကောင်းအဖွဲ့တို့ပင်~~~

You've reached the end of published parts.

⏰ Last updated: Apr 05, 2022 ⏰

Add this story to your Library to get notified about new parts!

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now