Chapter 4 (P2)

1.8K 296 18
                                    

{Zawgyi}
" သစ်သားတူနဲ့ မိန်းကလေး!! "

[ Oh... အချစ်ဝတ္ထုလေးရဲ့ နာမည်နဲ့တောင် တူသေး ]

Tillyသည် သူမအား Kihoခေါ်လိုက်သောနာမည်ကြောင့် တခစ်ခစ်ရယ်မောလိုက်ပြီး
" ကောင်းသောညနေခင်းပါ ဗိုလ်ချုပ် "

" မိန်းကလေးက တော်ဝင်မျိုးနွယ်လား?? "

Tillyဟာ ပြုံးပြ၍သာ ဟုတ်ကြောင်း ထောက်ခံလိုက်ပေ၏။ ဒီအကြောင်းသည် သူမက သူ့အား လိမ်လို့ရမည့်အကြောင်းလည်း မဟုတ်ပေ။ ဘာလို့ဆို ဒီနေ့ည ကပွဲကို အဖိတ်ခံရသောလူတိုင်းသည် တော်ဝင်မျိုးနွယ်များသာ ဖြစ်သော်ကြောင့်ပင်။

" ကျွန်မက နယ်မြေကျော်မိသွားရင် တောင်းပန်းပါတယ်။ ဒီဝင်္ကဘာက ကန့်သတ်နယ်မြေဆိုတာ မသိလို့ပါ " သူမက ယဉ်ကျေးစွာ ဖြေရင်း စကားလမ်းကြောင်းလွှဲလိုက်လေသည်။

Kihoသည် သူမကို တစ်ခုခုပြောချင်နေသည်မှာ သိသာလှ၏။ သူ့အကြည့်တို့သည် Tillyလက်တွင် အသေအချာကိုင်ထားသော ခြင်းတောင်းကို သေချာစိုက်ကြည့်နေလေတယ်။

[ ကျေးဇူးပဲ Isabellaရေ ]

Tillyသည် Isabellaကို သူမ မကြာသေးခင်ကမှ ရှာတွေ့ထားတဲ့လျှို့ဝှက်နေရာတွင် စောင့်နေစေသည်။ Tilly ကပွဲခန်းမမှ ခိုးထွက်ပြီးနောက်တွင် Isabellaဆီမှ ခြင်းတောင်းကို ယူကာ ဝင်္ကဘာရှိရာသို့ ပြေးခဲ့ခြင်းဖြစ်သည်။

" ကျွန်တော် မေးချင်တာလေး ရှိလို့ စိတ်မရှိရင် ဖြေပေးပါ။ အဲ့ခြင်းတောင်းထဲမှာ အစားအသောက်တွေ ထည့်ထားတာလား။ ကပွဲခန်းမထဲက အစားအသောက်တွေလား။ " Kihoသည် ခြင်းတောင်းကို သေချာစိုက်ကြည့်ကာ သူမမျက်နှာကိုပင် မော့မကြည့်တော့ပေ။

[ ဟွန်း... အရင်တုန်းကအတိုင်း တည့်တိုးမေးနေတုန်းပဲ ]

" ယောက်ျားကောင်းတစ်ယောက်က ဒီလိုကိစ္စမျိုးကို မသိသလိုနေပေးရတယ် သိရဲ့လား " Tillyဟာ Kihoကို စချင်တာကြောင့် တမင်ပြောလိုက်ခြင်းပင်။

" ဒါပေမယ့် ကျွန်မက ရှင်မေးတာကို ဖြေပေးလိုက်ပါ့မယ်။ ဟုတ်တယ် ကပွဲခန်းမထဲက အစားအသောက်တွေပဲ "

ဒါဟာ အလိမ်အညာတစ်ခုပင်။

ခြင်းတောင်းထဲက အစားအသောက်တွေဟာ ကပွဲခန်းမထဲမှ မဟုတ်ပေ။ Prescottအိမ်တော်မှ စားဖိုမှူးကိုယ်တိုင် သူမအတွက် ချက်ပေးလိုက်သော ပင်လယ်စာများဖြစ်သည်။ ဖြစ်ချင်တော့ ကပွဲခန်းမမှာ ရှိနေသောအစားအသောက်များတွင်လည်း ပင်လယ်စာပါနေခဲ့တာကြောင့် ဇာတ်လမ်းဆင်ရန် ကွက်တိဖြစ်သွားခဲ့၏။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now