Chapter_2 {Part-3}

1.5K 262 23
                                    

{Zawgyi}

(ပြန်လည်စတင်ခြင်း)

ဒုတိယဘဝရောက်တဲ့အခါမှာ Kihoက သူမကို ဘာလို့ ဒီစားသောက်ဆိုင်ကို ခေါ်လာခဲ့သည်ကို တွေးမိတော့သည်။ ' Sea Feast 'ဆိုင်လေးသည် သေးငယ်သော်လည်း ဆိုင်တွင်ရသော်ပင်လယ်စာများက အရသာကောင်းမွန်လွန်းတာကြောင့် Kihoက သူမကို ခေါ်လာခဲ့ခြင်းသာ။

သူမ ဒုတိယဘဝတုန်းက သူထိုသို့တွေးခဲ့သည်က အမှန်ဟုတ်မဟုတ်ဆိုတာကို သေချာသိရရန် ဆိုင်ထဲသို့ဝင်ခဲ့တော့၏။

" ကြိုဆိုပါတယ်ရှင့် " ငယ်ရွယ်တဲ့စားပွဲထိုးမလေးက Tillyဆိုင်ထဲသို့ ဝင်လာချိန်မှာ ပြုံးရင်းနှုတ်ဆက်လေတယ်။ ထို့နောက်မှာ Tillyထိုင်ဖို့ရာ နေရာရှာပေး၏။ ထိုနေရာသည် ပြတင်းပေါက်ဘေးတွင်ဖြစ်လေသည်။ သူမ ထင်ထားခဲ့သည့်အတိုင်း ဒီဆိုင်လေးသည် လူတို့ပြည့်ကျပ်နေခြင်းတော့ မရှိသေးချေ ။ ဆိုင်လေးက ပြိုလဲတော့မည့်ပုံစံဖြစ်နေတာကြောင့်ဖြစ်လိမ့်မည်။ သူမ ထိုင်နေသောစားပွဲနှင့် မလှမ်းမကမ်းတွင် လူငယ်ရှစ်ယောက်က စားပွဲနှစ်ခုကပ်၍ ထိုင်နေခြင်းသာရှိပေ၏။ ထိုရှစ်ယောက်လုံးသည် ပုံစံတူအနက်ရောင်အင်္ကျီတို့ကို ဝတ်ဆင်ထားကြသည်။

[ အုပ်စုလိုက်ကြီးပါလား ]

" ဂဏန်းဘုရင်နှစ်ကောင်ပေးပါ " Tillyက စားပွဲထိုးလေးကို စားစရာ စမှာတော့သည်။ " ပြီးတော့ ခွက်အကြီးနဲ့ ဘီယာတစ်ခွက်ပေးပါ " Tillyသည် သောက်နိုင်စွမ်းနိမ့်သော်လည်း ပင်လယ်စာကို ဘီယာနဲ့တွဲစားရတာကို လွန်စာနှစ်သက်ပေတယ်။ အထူးသဖြင့် ဂဏန်းနဲ့ဘီယာကိုပေါ့။

" မိန်းကလေးနဲ့ တူတူလာတဲ့သူရှိသေးတာလားဟင် " စားပွဲထိုးလေးက သူမကို ပြန်မေးလေတယ်။ " ဂဏန်းဘုရင်တစ်ကောင်ကို ၄ကီလိုဂရမ်လောက် လေးပါတယ်။ တစ်ကောင်အရွယ်အစားက မိန်းကလေးရဲ့မျက်နှာထက်တောင် ပိုကြီးပါတယ် "

Tillyသည် အနည်းငယ်ရယ်မောလိုက်လေတယ်။ အနှီမိန်းကလေးသည် သူမက ဂဏန်းဘုရင်နှစ်ကောင်လုံးကို မကုန်နိုင်လောက်ဘူးဟု တွေးနေမှန်း သိလိုက်သောကြောင့်ပင်။

" စိတ်မပူပါနဲ့ ကျွန်မ အဆင်ပြေပါတယ် "

Tillyသည် ပင်လယ်စာကို လွန်စွာနှစ်ခြိုက်သူဖြစ်၏။ ဒါ့ကြောင့် ဂဏန်းဘုရင်နှစ်ကောင် သူမရှေ့ကို ရောက်လာတာနဲ့ ပိုပိုပျော်ရွှင်လာခဲ့ပေသည်။ စားပွဲထိုးလေးပြောခဲ့သော ဂဏန်းဘုရင်တစ်ကောင်က သူမမျက်နှာထက်ပိုကြီးသည်ဆိုသည့်စကားသည် အမှန်ပင်။ Tillyပြန်ဖြေလိုက်သော သူမ အဆင်ပြေပါတယ်ဆိုသောစကားသည်လည်း အလိမ်ညာတစ်ခု မဟုတ်ခဲ့ချေ ။ Tillyသည် ဂဏန်းခြေထောက်တွေကို ဆယ်မိနစ်အတွင်း ကုန်အောင်စားလိုက်လေတယ်။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now