Chapter_2 {Part-2}

1.5K 240 5
                                    

(Zawgyi)

{ပြန်လည်စတင်ခြင်း}

Isabellaက သူမအား တအံ့တသြနှင့်ပြန်ကြည့်တဲ့အခါ Tillyဟာ အပြုံးတစ်ခုသာ ပြန်ပေးလိုက်လေတယ်။

ဒုတိယဘဝဖြစ်တဲ့ ခေတ်သစ်အမျိုးသမီး Matilda Sandrine Yapဘဝမှာတုန်းက သူမသည် မိသားစုရဲ့အရေးကြီးပုံကို ကောင်းကောင်းနားလည်သွားခဲ့လေသည်။ သူမဟာ သူမရဲ့ပထမဘဝကလို ပြည့်ပြည့်စုံစုံဖြင့် ကြီးပြင်းခဲ့ရသည်က အတော်လေးကံကောင်းသည်ဟု တွေးလိုက်မိသေးသည်။ ဒုတိယဘဝမှ မိဘနှစ်ပါးသည် တစ်ဦးနှင့်တစ်ဦးချစ်မြတ်နိုးကြသည်ကို မြင်တွေ့တဲ့အခါ သူမသည်လည်း ထိုကဲ့သို့ အချစ်တို့ပြည့်နေသောမိသားစုလေးတစ်ခု ထူထောင်ချင်ခဲ့မိ၏။ ကံမကောင်းစွာနဲ့ ဒုတိယဘဝမှမိဘနှစ်ပါးသည် သူမအသက်၂၀ဝန်းကျင်တွင် သေဆုံးသွားခဲ့ချေသည်။

ထိုအချိန်မှာ Tillyဟာ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ရာ သူမရဲ့ပထမဘဝကလို အမှားမျိုးထပ်မလုပ်မိဖို့ ပြင်ဆင်ရန် တွေ့ခဲ့လေ၏။ ဒါ့အပြင် ဒုတိယဘဝ၌ သူမအသက်၂၀ကျော်လာသည့်အခု ကလေးလိုချင်စိတ် ပြင်းထန်လာခဲ့တော့သည်။ သူမသည် ဒုတိယဘဝ၌ ကလေးကို ဆုံးမသွန်သင်ရာတွင် အမှားအဖြစ်မခံဟု တွေးထားသေးသည်။ သို့သော်ငြား ကံဆိုးစွာနဲ့ လေယာဉ်ပျက်ကျမှုတစ်ခုတွင် ပါသွားခဲ့ပြီး ဒုတိယဘဝတွင်လည်း ကလေးကို ဆုံးရှုံးရပြန်တယ်။

[ ငါဒီဘဝကို ဘာလို့ပြန်ရောက်လာမှန်းမသိပေမယ့် သေချာတာတစ်ခုကတော့ ငါ့အရင်အရင်ဘဝတွေ လုံးဝအဖြစ်မခံနိုင်ဘူး။ အခုကစပြီး Kihoကိုရော နောက်ရောက်လာမယ့်Winterလေးကိုရော ငါသေချာစောင့်ရှောက်မယ် ]

" ဘာလို့ ပန်းချီကားကို အဲ့လောက်စိုက်ကြည့်နေတာလဲ သမီး " Tillyသည် အသံလားရာကို လှည့်ကြည့်လိုက်သည့်အခါ သူမ၏ဖခင် မြို့စားMaverick Prescottကို တွေ့လိုက်ရပေတယ်။

သူမဖခင်သည် အထက်တန်းဆွေကြီးမျိုးကြီးတို့ ဝတ်လေ့ရှိသော အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပေသည်။ သူသည် အခုထိ သန်မာဖျတ်လတ်နေဟန်ရှိနေဆဲ။ သူမဖခင်သည် မြို့စားဖြစ်ရုံတင်မဟုတ်ဘဲ သတ္တုတွင်းလုပ်ငန်းတစ်ခုကိုလည်း ပိုင်ဆိုင်သေး၏။ ထိုသတ္တုတွင်းလုပ်ငန်းသည် သာမန်သတ္တုတွင်းလုပ်ငန်းမျိုးမဟုတ်ချေ။ မှော်စွမ်းအင်တို့ကို သိုလှောင်ထားနိုင်သည့် မှော်ကျောက်တုံးများကို ထုတ်လုပ်သောလုပ်ငန်းမျိုးပင်။

🦋ဗီလိန်မေမေ🦋 (mm translation)Où les histoires vivent. Découvrez maintenant