💜 SYNOPSIS 💜
8.3K 309 2
(Zawgyi)
{ဇာတ်လမ်းအကျဉ်း}
#V💜
💙💙💙💙💙💙💙💙💙💓💓💓
(Unicode)
{ဇာတ်လမ်းအကျဉ်း}
သူမရဲ့အရင်ဘဝတုန်းက သူမအာဏာရရေးကိုသာ အရေးပေးခဲ့မိတာကြောင့် ခင်ပွန်းသည်နဲ့ သားဖြစ်သူတို့ကို လျစ်လျှူ ရှုထားခဲ့တယ်
ထိုအချိန်မှာ အရမ်းကြင်နာတတ်ပြီ အကောင်းမြင်စိတ်ရှိပါတယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူတို့၂ဦးက်ို သူမရဲ့ဘဝထဲကနေ အပြီးအပိုင်ဆွဲထုတ်သွားခဲ့လေတယ်။ ဒါနဲ့ပဲ သူမဟာ ရာဇပလ္လင်ကို ရတော့မည်ဆဲဆဲမှာ လက်လွှတ်ဆုံးရှုံးခဲ့ရလေ၏။ နောက်ဆုံးမှာတော့ သူမလုပ်ခဲ့မိသော မကောင်းမှုတို့အတွက် ကွပ်မျက်ခံခဲ့ရလေသည်။ သို့သော် သူမ ပြန်လည်မွေးဖွားလာခဲ့ပြီ။ ဒီတစ်ကြိမ်မှာတော့ သူမဟာ သူမသားဖြစ်သူကို တစ်ဖန်ပြန်တွေ့ပြီး လူကောင်းတစ်ယောက်အဖြစ်သာ နေရန် ဆုံးဖြတ်လိုက်တော့သည်။ အရင်ဘဝက ခင်ပွန်းဖြစ်သူ ကပ္ပတိန်Kihoကို ပြန်လည်မြူ ဆွယ်ရမယ်။ ဒါမှသာ သူမရဲ့သားလေးကို ပြန်တွေ့ခွင့်ရမှာလေ။ ဒါ့အပြင် ခင်ပွန်းဖြစ်သူKihoကိုသာ သေချာ ဆွဲဆောင်ထားနိုင်ခဲ့ရင် သူမဘေးကနေ သားဖြစ်သူကို ဘယ်သူကမှ ဆွဲခေါ်သွားနိုင်မည် မဟုတ်ပေ။ သို့သော် နောက်ပိုင်းတွင် သူမ သိလိုက်ရတာက သူမကိုယ်တိုင်တောင် မသိပါဘဲ သူမဆီမှာရှိနေသောထူးခြားဆန်းကြယ်လှသောစွမ်းအင်ကို ခိုးယူချင်တာကြောင့် သူမကို သေစေချင်နေသောသူ တစ်ယောက်ရှိနေခဲ့သည်။ ထိုထူးခြားဆန်းကြယ်လှသောစွမ်းအင်ဟာ Moonchesterတိုင်းပြည်ရဲ့မှော်ဝင်သားရဲများဖြစ်တဲ့ ဖီးနစ်နီ၊ နဂါးပြာ၊ ရွှေကျားနှင့် မြွေနက်တို့ လေးကောင်နဲ့ဆက်နွယ်လို့နေပေ၏။ သူမဟာ မှော်သားရဲတို့နှင့်ဆက်နွယ်နေသော ယဇ်နတ်ဆရာမတစ်ဦးဖြစ်ပြီး သူမတို့မျိုးနွယ်စုတွင် သူမတစ်ဦးတည်းသာ အသက်ရှင်ကျန်နေခဲ့ခြင်းဖြစ်လေသည်။ ဒါ့ကြောင့်လည်း သူမကို လူတစ်ချို့က သတ်ချင်နေကြတာ မဆန်းချေ ။ ဒါနဲ့ပဲ သူမဟာ ခင်ပွန်းနှင့်သားဖြစ်သူတို့နဲ့တူတူ ပျော်ရွှင်စရာမိသားစုလေးကို ဖြတ်သန်းမည်ဆိုသော ရည်ရွယ်ချက်အပြင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုတိုးလာခဲ့လေသည်။
ထိုရည်ရွယ်ချက်က အခြားတော့မဟုတ်။
သူမတို့မိသားစုကို ဖျက်စီးဖို့ ကြိုးစားနေသောခွေးတစ်သိုက်ကို မီးလောင်တိုက်သွင်းပစ်ဖို့ပင်။
#V💜
နောက်ကျသွားလို့ Sorryပါနော်🥺💔
🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now