Chapter_2 (part 1)

1.7K 243 4
                                    

Tilly (မင်းသမီး၏ အိမ်ခေါ်နာမည်)သည် မနက်စာစားချိန်တုန်းက Maverick Prescott ကို တွေ့လိုက်ချိန်မှသာ သူမဟာ သူမ၏မူလဘ၀ကို ပြန်လည်ရောက်ရှိလာသည်ကို ယုံကြည်လိုက်နိုင်တော့သည်။

မြို့စား Maverickသည် အသက်၄၀နား ရောက်နေပြီဖြစ်သော်လည်း အသက်၂၀လူငယ်လေးကဲ့သို့ လျင်မြန်ဖျတ်လတ်နေဆဲပင်။ ထိုအသက်အရွယ်အပိုင်းအခြားတွင် အချောမောဆုံးအမျိုးသားဟုဆိုလျှင်လည်း မမှားချေ။ ချောမောသည့်အပြင် ကြွယ်ဝချမ်းသားမှုကိုပါ ပိုင်ဆိုင်ထားတာကြောင့် မြို့တော်ကအမျိုးသမီးတချို့သည် မြို့စားအား မြူဆွယ်ကြပေ၏။ သို့သော်လည်း မြို့စားသည် နောက်အိမ်ထောင်ပြုဖို့ကို ငြင်းဆန်နေဆဲပင်။ မြို့စားသည် Tilly၏မိခင်ကိုသာ နောက်ဆုံးအချစ်ဟု တွေးထားပုံပေါ်၏။

['မိသားစုထဲမှာ ဘာလို့ငါ့တစ်ယောက်ထဲ ဆံပင်အနက်ရောင်ဖြစ်နေရတာလဲ။ အဖေနဲ့အမေတို့ ၂ယောက်လုံးက ငွေဖြူရောင်ဆံပင်တွေပဲဟာ ဘာလို့ငါတစ်ယောက်ထဲ ကွက်ပြီး...'] *[ ] ဆိုရင်အတွေးပါ* Tillyသည် နံရံပေါ်မှာ ချိတ်ထားသော သူမတို့မိသားစုရဲ့ပုံတူပန်းချီကားချပ်ကြီးကို ကြည့်ရင်း အတွေးထဲတွင် သူမကိုယ်သူမ မေးခွန်းထုတ်နေမိလေသည်။

ကံကောင်းသည်က သူမသည် သူမ၏မိခင်နှင့်ချွတ်စွပ်တူနေပြီး သူမ၏ဖခင်ကဲ့သို့ ခရမ်းရောင်မျက်ဝန်းတို့ကို အမွေရထားပေ၏။ ထိုသို့သာ မတူခဲ့သော် သူမသည် မွေးစားခံထားရသည်ဟုပင် ထင်မိလိမ့်မည်ဖြစ်လေသည်။

" မမလေး အဆင်ပြေရဲ့လား " Tilly သည် သူမနှင့်ငယ်ငယ်လေးထဲက တူတူကြီးပြင်းလာခဲ့သော အိမ်ဖော်မလေး Isabellaရဲ့အသံကို ကြားတဲ့အခါမှာ အသံလားရာဘက်သို့ လှည့်ကြည့်လိုက်တော့သည်။

['Isabella မှာတောင် အနက်ရောင်ဆံပင်တစ်ပင်မှ မရှိဘူး ']

Isabella တွင် အညိုရောင်ဖျောဖျော့ဆံနွယ်ရှိကာ သူမ၏အသားအရည်သည်ဖြူဖျော့ပြီး ထိုဖြူဖျော့သောမျက်နှာလေးပေါ်တွင် တင်းတိပ်အနည်းငယ် ပေါက်လို့ နေချေ၏။ Tillyရော Isabella ရော အသက်၁၉နှစ်ဖြစ်သော်လည်း Isabellaသည် လူကောင်နည်းနည်းပိုသေးပေသည်။ Tillyသည်ကတော့ သူမအသက်အရွယ်ပိုင်း အမျိုးသမီးငယ်လေးများကြားတွင် လှပပြီးထက်မြက်သောအမျိုးသမီးငယ်လေး အဖြစ် လူသိများလေ၏။ အရွယ်ရောက်သည့်အချိန်မှစ၍ သူမခန္ဓာကိုယ်ပုံစံသည် သိသိသာသာ ပြောင်းလဲလာပေသည်။ အခု သူမတွင်ကြီးမားသောရင်ဘတ်တို့ရှိသည့်အပြင် သေးသွယ်ကျစ်လစ်သောခါးကိုလည်း ပိုင်ဆိုင်ထားရပေသည်။ ထိုသိုဖြစ်နေရခြင်းကလည်း သူမသည် တင်းကျပ်လွန်းသော အတွင်းဝတ်တို့ကိုသာ ၀တ်ဆင်လေ့ရှိသောကြောင့် ဖြစ်လေသည်။ သူမ၏သွယ်လျကျစ်လစ်သော ခြေတံရှည်ရှည်တို့သည်ကလည်း သူမကိုယ်သူမ နှစ်သက်ရသည့်အချက်ပင်ဖြစ်ပေသည်။

🦋ဗီလိန်မေမေ🦋 (mm translation)Kde žijí příběhy. Začni objevovat