Chapter 6 U

1.1K 188 22
                                    

Chapter 6
{နောက်တစ်ကြိမ်}

" ကပ္ပတိန်၊ ကျေးဇူးပြုပြီး ထပါ " Tilyသည်  Kiho၏စူးရှလှအကြည့်တို့ကို ကြည့်ရင်း ​ထိုသို့ဆိုလိုက်လေသည်...

ထိုစဥ်၌ Kihoသည် Tilyအား ဗလာနိတ္ထအကြည့်ဖြင့်သာ ဆက်ကြည့်နေရင်း ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်လေတော့၏... အနှီအမျိုးသား မတ်တပ်ရပ်လိုက်တဲ့အခအ Tilly၏အရပ်ဟာ ထိုအမျိုးသားရဲ့ရင်ဘတ်လောက်အထိသာ ရှိမှန်း သိသိသားသားဖြစ်သွားခဲ့ရလေ၏... Kihoဟာ သူ့ရှေ့တွင် ရပ်နေသောအမျိုးသမီးငယ်လေးနှင့် အကြည့်ချင်းဆုံးသွားချိန်တွင် သူမရဲ့နာမည်ကို ခေါ်လိုက်ချေသည်... " မိန်းကလေးPrescott? "

" မင်္ဂလာညနေခင်းပါ ဗိုလ်ချုပ်Kiho... ကျွန်မကို Tilly လို့ပဲ ခေါ်ပါ... "

" ကိုယ့်ကို အဲ့လောက်ထိ ယဥ်ယဥ်ကျေးကျေးခေါ်စရာမလိုပါဘူး Tilly... " အနှီအမျိုးသားဟာ သူ့ရဲ့ပြတ်ပြတ်သားသား အသံနှင့် တုံ့ဆိုင်းခြင်းမရှိပါဘဲ ရင်းရင်းနှီးနှီးပင် သူမရဲ့နာမည်ကို ​ခေါ်လိုက်ချေတယ်... " ကိုယ့်ကိုလည်း Kihoလို့ပဲ ခေါ်လို့ရပါတယ်..."

ထိုစဥ်ခဏတွင် Tillyဟာ သူမတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ရင်းနှီးသွားသည့်အတွက် သူမကိုယ်သူမပင် မထိန်းနိုင်ပါဘဲ တစ်ချက် ပြုံးလိုက်မိလေသည်...

သူမ ပထမဘဝ၌ သားဖြစ်သူ Winterလေးကို မွေးပြီးနောက်အထိ သူမတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မျိုးရိုးနာမည်များသာ ခေါ်ခဲ့ကြခြင်းဖြစ်လေတယ်... (ရင်းနှီးမှုမရှိသူများသာ မျိုးရိုးနာမည်ကို ခေါ်ကြခြင်းဖြစ်သည်...) ယခုတွင်တော့ စတွေ့တည်းက ရင်းနှီးမှုရနေခဲ့ပြီဖြစ်လေ၏...

' ငါတို့နှစ်ယောက်ရဲ့အနာဂတ်​ကို သေချာပေါက် ပြောင်းလဲပြမယ်... '

" Kiho... ပထမဆုံးအနေနဲ့ ကျွန်မရဲ့ပုံစံအစစ်ကို ဖုံးကွယ်ထားမိလို့ တောင်းပန်ပါရစေ... " Tillyဘက်မှ အရင်ဆုံးစကားစလိုက်ပေ၏... " အခုလိုဖုံးကွယ်ထားမိတဲ့အခါ ရှင် ဒေါသထွက်မယ်ဆိုတာ ကျွန်မ နားလည်ပါတယ်... ဒါပေမယ့် ကျွန်မကို ရှင်းပြခွင့်လေးပေးဖို့မျှော်လင့်ပါတယ်... "

" ကိုယ် ဒေါသမထွက်ပါဘူး... " Kihoဟာ  သူ့ရဲ့တည်ငြိမ်သောလေသံဖြင့် ငြင်းဆန်လိုက်လေသည်... ထို့နောက်တွင်တော့ Tillyအား သူ့ရဲ့ရွှေအိုရောင်မျက်ဝန်းများနှင့် ကြည့်လိုက်ရင်း " ကျွန်တော့်ကို ကြောက်နေတာလား? "ဟု မေးလိုကိချေ၏...

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now