Chapter 4 {p1}

1.3K 280 8
                                    

Chapter_4 (Part 1)

Tillyဟာ တော်ဝင်မျိုးနွယ်များနဲ့ တွေ့ဆုံနှုတ်ဆက်ပြီးနောက်မှာတော့ တော်ဝင်နန်းတော်ရဲ့ ကပွဲခန်းမထဲမှ ခိုးထွက်လာခဲ့လေတယ်။

သူမသည် ထိုကပွဲခန်းမထဲတွင် အချိန်ဖြန်းဖို့ စိတ်ကူးမရှိချေ။ Kihoသည် ထိုကပွဲခန်းမထဲတွင် ရှိမနေတာကြောင့်ပင်။ မြွေနက်သူရဲကောင်းအဖွဲ့ဟာ အမှောင်ထဲတွင်သာ လှုပ်ရှားကြသူများဖြစ်သည်။ ဆိုလိုသည်မှာ Kihoနှင့် သူ့အဖွဲ့သားတို့ဟာ နန်းတော်အပြင်၌သာ စောင့်နေကာ လုပ်ကြံသူများ ရုတ်တရက် မရောက်လာစေအောင် တားဆီးရန် တာဝန်ယူထားကြခြင်းပင်။

တော်ဝင်အစောင့်တပ်သားများသည် နန်းတော်အတွင်းပိုင်းနှင့် ဧည့်သည်များကို စောင့်ရှောက်ရန်သာ ဖြစ်သည်။

[ ငါ့အထင်သာ မှန်မယ်ဆိုရင် Kihoက ဟိုနေရာမှာပဲ ရှိနေမှာ ]

Tillyဆိုလိုချင်သော' ဟိုနေရာ 'သည် ဝင်္ကဘာဥယျာဉ်အလယ်တွင်ရှိသော လျှို့ဝှက်စင်မြင့်လေးပင်။

သူမ ပထမဘဝတုန်းက သူမသည် Kihoနှင့်ပထမဆုံးတွေ့ရမည့်ည၌ ထွက်ပြေးခဲ့ဖူး၏။ သူမဟာ ဒီဝင်္ကဘာထဲသို့ ဝင်ပြေးခဲ့ပြီး လမ်းပျောက်သွားခဲ့လေတယ်။ ဝင်္ကဘာထဲမှ ပြန်ထွက်ဖို့ လမ်းရှာရင်း လျှို့ဝှက်စင်မြင့်လေးဆီသို့ ရောက်လာခဲ့ပေသည်။ ထိုအချိန်တုန်းက အကယ်၍သာ Kihoက သူမကို ရှာတွေ့ခဲ့ပါက သူမဟာ Kihoနှင့် လက်ထပ်လိုက်မည်ဟု ဆုံးဖြတ်လိုက်ပြီး ငိုကျွေးခဲ့ဖူး၏။

ထိုည၌ Kihoဟာ သူမကို အမှန်တကယ်လည်း ရှာတွေ့ခဲ့ပေတယ်။

သူမတို့နှစ်ယောက် လက်ထပ်ပြီးနောက်တွင် သူမဟာ Kihoကို မေးဖူးခဲ့၏။ ထိုနေ့ညက သူမကို ဘယ်လိုရှာတွေ့ ခဲ့သည်ဟုပေါ့။ Kihoသည် သူဟာ သူမအား ရှာခဲ့တာ မဟုတ်ဘဲ သူမ ရောက်နေခဲ့သောနေရာကသာ သူအကြိုက်ဆုံးပုန်းခိုရာနေရာလေးဖြစ်နေသည်ဟု ပြန်ဖြေခဲ့ပေသည်။ Kihoသည် အင်ပါယာသခင်က သူ့အား အခမ်းအနားပွဲများတွင် မျက်နှာလာပြရန် ဖိအားပေးသည့်အခါ ဒီနေရာလေးတွင် ပုန်းနေတတ်ပေတယ်။

[ ချိုမြိန်တဲ့အမှတ်တရလေးတွေပေါ့ ]

သူမသည် ထိုသို့တွေးရင်း အနည်းငယ်ပြုံးလိုက်မိ၏။ သူမရဲ့ပထမဘဝတွင် ဒီဝင်္ကဘာထဲသို့ မကြာခဏဆိုသလို ရောက်ခဲ့တာကြောင့် အလွတ်ပင် ရနေခဲ့ပြီ။ အခမ်းအနားပွဲများ တက်သည့်အခါ Kihoသည် မလိုက်ချင်တာကြောင့် ဝင်္ကဘာထဲဝင်ပုန်းတတ်၏။ ထိုအခါ သူမက Kihoက အတင်းပြန်ခေါ်ထုတ်ရတာကြောင့် ထိုနေရာသို့ ခဏခဏသွားနေရခြင်းပင်။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now