Chapter_1

3.1K 276 7
                                    

(Zawgyi)

{ ဒုတိယဘ၀ }

သူမ မှတ်မိသလောက်ကတော့ သူမရဲ့ဒုတိယဘ၀မှာ သူမဟာ Matilda Sandrine Yap ဆိုတဲ့ ခေတ်ဆန်တဲ့အမျိုးသမီးတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့၏။ အာရှမှာ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုရဲ့ဆက်ခံသူ ဖြစ်ခဲ့တဲ့အပြင် စီးပွားရေးသမားတစ်ယောက်နဲ့လည်း လက်ထပ်ခဲ့ရသေးသည်။ ဒါပေမယ့်လည်း ဒီလက်ထပ်ပွဲဟာ စီးပွားရေးအရသာ ဖြစ်ပေသည်။ ပိုဆိုးသည်ကတော့ သူမလက်ထပ်လိုက်ရသူမှာ gayတစ်ယောက်ဖြစ်နေခဲ့ခြင်းပင်။ သူ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် သူမကို လက်ထပ်ခဲ့ခြင်းဖြစ်၏။

သို့ပေသည့် သူမက သူ့ကို လက်ထပ်ပေးခဲ့ချေသည်။ သူမက ကလေး အရမ်းလိုချင်နေသော်လည်း ခင်ပွန်းဖြစ်သူက gayဖြစ်နေတာကြောင့် တူတူမအိပ်ရချေ။ ဒါ့ကြောင့် သူမဟာ ခင်ပွန်းသည်ဆီမှ သုတ်ပိုးကို တောင်းကာ သုတ်ပိုးထည့်၍သာ ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်တော့၏။ ထိုနည်းလမ်းက အောင်မြင်ခဲ့တာကြောင့် သူမကိုယ်ဝန်ရခဲ့လေသည်။ သူမ မိခင်တစ်ယောက် ထပ်ဖြစ်ခဲ့ရတဲ့အတွက် ၀မ်းသာမှုတို့ မပြီးဆုံးနိုင်ဖြစ်ခဲ့ရလေသည်။ သို့သော် ထိုပျော်ရွှင်မှုနှင့် ၀မ်းသာမှုတို့ မပြီးဆုံးခင်မှာ ကံဆိုးမှုတို့က သူမနောက်ကိုထပ်လိုက်လာပြန်၏။ သူမကိုယ်ဝန် ၃လပဲရှိသေးချိန်မှာ သူမစီးလာတဲ့ လေယာဉ်ပျက်ကျသွားခဲ့ပြီး သေဆုံးသွားခဲ့ရပြန်၏...

သူမ နောက်တစ်ကြိမ်ပြန်နိုးထလာချိန်မှာတော့ သူမ မနေ့တစ်နေ့ကလို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်တဲ့ သူမရဲ့ပထမဘ၀ကို ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။

xxxxxxxxxxxxxxxxxxxxxxxx

{ ပထမဘ၀}

ဒုတိယဘ၀ဖြစ်တဲ့ Matilda Sandrine Yapအဖြစ် မမွေးဖွားလာသေးခင်က သူမဟာ မြို့စား Maverick Prescott၏ တစ်ဦးတည်းသောသမီး Matilda Prescottဖြစ်ခဲ့ပေသည်။ သူမတို့မျိုးရိုးသည် Moonchesterအင်ပါယာရဲ့ အထက်တန်းဆွေကြီးမျိုးကြီး အနည်းစုထဲက တစ်ခုဖြစ်၏။ Lady Prescott ဖြစ်တဲ့ အနေနဲ့ သူမသည် မာနကြီးပြီး ဘ၀င်မြင့်တဲ့အပြင် ရည်မှန်းချက်လည်း လွန်စွာကြီးမားလေသည်။ ပထမဘ၀မှာ သူမသည် အင်ပါယာသခင်မ (ဘုရင်မ) ဖြစ်ချင်ခဲ့ပေမယ့် ဒီရည်မှန်းချက်ဟာ လုံးဝဖြစ်မလာနိုင်သောကိစ္စဖြစ်ပေသည်။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now