Chapter 7 (Z)

563 47 0
                                    

Chapter 7
{ လက်ဆောင် }

" ကျွန်မ ရှင့်အတွက် လက်ဆောင်လေးတစ်ခု ပြင်လာတယ် Kiho... " Tillyက ထိုသို့ဆိုလိုက်ချိန်တွင် ခုံတန်းလျားလေး၌ Tillyရော Kihoပါ  ဘေးချင်းကပ်ထိုင်လိုက်လေတယ်... သူတို့နှစ်ဉီးဟာ စေ့စပ်လိုက်ကြပြီဖြစ်သော်လည်း Kihoဟာ Tillyနှင့် အနည်းငယ် ခပ်ခွာခွာသာ ထိုင်လိုက်ချေသည်...သူတို့နှစ်ဉီးသည် ယခုချိန်ထိ တစ်ယောက်နှင့်တစ်ယောက် လက်ချင်းပင် မထိရဲပါလေ... ဒါပေမယ့် လက်ရှိအ​ခြေအနေဟာ Tillyအတွက် အဆင်ပြေလှပြီဖြစ်၏... " ဒီမှာ... "

သူမက သေတ္တာကြီးတစ်ခုကို Kihoအား ပေးလိုက်ချိန်၌ Kihoသည် ခေတ္တမျှ တွန့်ဆုတ်နေခဲ့ပြီးနောက် ထိုသေတ္တာကို ယူလိုက်လေတယ်...

" Tilly... ကိုယ် မင်းဆီကနေ အခုလိုလက်ဆောင်ရလို့ တကယ်ဝမ်းသာမိတယ်... ဒါပေမယ့်... ရှက်မိတယ်... ကိုယ့်ဘက်ကနေ မင်းအတွက် လက်ဆောင်မပြင်ဆင်လာမိဘူးလေ... "

ဟုတ်တာပေါ့... Kihoသည် အစတုန်းက စေ့စပ်ပွဲဖျက်ရန် ပြောဖို့လာခဲ့တာကြောင့် လက်ဆောင်မယူလာသည်မှာ အဆန်းတော့မဟုတ်...

သူမအတွက် လက်ဆောင်ပစ္စည်းတစ်ခု မပြင်ဆင်လာခဲ့သော်လည်း Kihoဟာ သူမအား  လက်ဆောင်ကောင်းတစ်ခု ပေးခဲ့ပြီးပြီပင်...

" ရှင် ကျွန်မကို အရမ်းကောင်းတဲ့လက်ဆောင်တစ်ခု ပေးပြီးပြီလေ Kiho... " Tillyဟာ ချိုမြိန်စွာပြုံးလျက်ဆိုလိုက်၏... 

" ကိုယ်ကလား? "

“ ရှင်က ကျွန်မကို ချစ်စရာကောင်းတဲ့နာမည်တစ်ခုပေးခဲ့တယ်လေ... ကျွန်မကို နတ်ဘုရားမလေးလို့ ခေါ်ခဲ့တယ်...”

“ အော် ဟုတ်တယ်နော်... နတ်ဘုရားတော့ နတ်ဘုရားပဲ ကဏန်းနတ်ဘုရားမလေးပေါ့...” ဟု Kihoသည် ရွှတ်နောက်နောက်လေသံဖြင့် ပြန်ပြောလိုက်လေသည်...

သူမတို့နှစ်ဉီးရဲ့စကားဝိုင်းက အခုလိုပေါ့ပေါ့ပါးပါးဖြစ်ကာ ပျော်စရာကောင်းနေခဲ့ပြီး Tillyသည်လည်း ဟက်ဟက်ပက်ပက် ရယ်မောနေမိချေ၏... လက်ရှိစကားဝိုင်းလေးသည် သူမ၏ယခင်ဘဝတုန်းကလို တစ်ဉီးနှင့်တစ်ဉီး သူစိမ်းဆန်နေခြင်းမျိုး မရှိပါဘဲ လွတ်လပ်ပေါ့ပါးလို့နေပေတယ်... ထို့ပြင် လက်ရှိKihoမှာ ယခင်ဘဝမှKihoလို မဟုတ်ပါဘဲ စကားပိုပြောလို့နေသေးသည်... အရင်ကဆိုပါလျှင် သူနှင့် စကားပြောတိုင်း အဆင်မပြေဖြစ်ရချေ၏...

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now