Chapter 5 (Z)

965 77 5
                                    

Chapter 5
{ မှားယွင်းသောရွေးချယ်မှု }

Tillyသည် ထိုညတွင်ပင် နန်းတော်ထဲမှ ဒုတိယအကြိမ် ခိုးထွက်လာခဲ့ပြန်တယ်...

လျှို့ဝှက်ဝင်္ကဘာထဲ၌ Kiho နှင့်တွေ့ပြီးနောက်တွင် သူမ ပွဲမှ ခေတ္တထွက်သွားခဲ့သည်ကို ဖခင်ဖြစ်သူ မသိစေရန် ကပွဲခန်းမထဲသို့ ပြန်ဝင်ခဲ့ခြင်းဖြစ်လေ၏... တခဏမျှအကြာတွင်တော့ သူမ ထင်ထားခဲ့သည့်အတိုင်း အင်ပါယာသခင်သည် သူမဆီသို့ သူရဲကောင်းတစ်ဦးကို စေလွှတ်လိုက်ပြီး အင်ပါယာသခင်က သူမနဲ့အတူ သီးသန့်တွေ့ချင်​နေကြောင်း အသိလာပေးချေသည်...

' ငါ့အရင်ဘဝတုန်းက ဒီလိုခေါ်တွေ့ခဲ့သေးတာပဲ... အင်ပါယာသခင်ရဲ့သီးသန့်ခန်းမှာ ငါနဲ့Kihoကို တရားဝင် မိတ်ဆက်ပေးပြီး ချက်ချင်းစေ့စပ်ပေးလိုက်ကြတာ... '

သို့သော်လည်း သူမဟာ ထိုအဖြစ်အပျက်ကို အနည်းလေး ပြောင်းလဲချင်မိပေတယ်...

ထို့ကြောင့်  သူမသည် သူမရဲ့အစေခံမလေး Isabellaကို သွားတွေ့ရန် တိတ်တဆိတ် ခိုးထွက်လာခဲ့ခြင်းဖြစ်သည်... ယခုတစ်ကြိမ်တွင်တော့ သူမဟာ သူမ ရွေးလာခဲ့သောဒုတိယမြောက်ဂါဝန်လေးဖြစ်သည့်အပြာရောင်ပန်းထိုးဇာဂါဝန်ရှည်ကို ယူဆောင်လာရန် Isabellaကို ပြောလိုက်လေ၏...

Tillyသည် ရိုးရှင်း​တည်ငြိမ်လှသောအဝတ်အစားမျိုးကို ဝတ်ဆင်ထားရင်းဖြင့်သာ Kihoကို တွေ့ချင်မိလေတယ်... လက်ရှိတွင် သူမသည် ပထမဘဝကကဲ့သို့ ရည်မှန်းချက်ကြီးကြီးမားမားမရှိခဲ့တော့ပါပေ... ထို့ကြောင့်လည်း သူမသည် ရှုပ်ထွေးတင်းကျပ်လှသောဝတ်စားမှုမျိုးထက် ရိုးရှင်းပြီးသက်တောင့်သက်သာရှိသောဝတ်စားမှုမျိုးဖြင့်သာ Kihoကို ပြသဖို့ စိတ်ကူးထားပေသည်...

ထိုအတွေးတို့ကို ရင်ဝယ်ပိုင်ရင်း Tillyတစ်ယောက် တော်ဝင်ခြံဝင်းအတွင်း တိတ်တဆိတ် လျှောက်လှမ်းလာခဲ့လေ၏...

" မိန်းကလေးPrescott... ကံကြမ္မာစက်ဝန်းထဲကနေ ထွက်ပြေးဖို့ စဉ်းစားနေပြန်ပြီလား... "

Tillyသည် သူမ တစ်သက်မမေ့နိုင်သောအသံတစ်ခုကို ကြားလိုက်သောအခါ ကျယ်လောင်စွာ ခုန်လာခဲ့သောသူမရဲ့နှလုံးခုန်သံကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားလိုက်မိချေသည်... သူမအား စကားဆိုလာသူမှာ မည်သူဖြစ်သည်ကို အသေအချာမှတ်မိတာကြောင့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်းစနစ်အား တုန်ရီလာတော့တယ်...

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now