Chapter 3 (Part 1)

1.3K 247 15
                                    

ငါးအကြီးကြီးဖမ်းရလိမ့်မယ်(Part 1)
{Zawgyi}

ဒီနေ့အတွက်တော့ Tillyဟာ လာဗင်ဒါရောင် ပုခုံးပျောက်ဂါဝန်အပါးလေးကိုသာ ဝတ်ဆင်ရန် ရွေးချယ်ထား၏။ သူမသည် ပေါ့ပေါ့ပါးပါးအဝတ်တို့သာ ဝတ်ရန် ရွေးချယ်ထားရသည့်အကြောင်းမှာ ဒီနေ့ အပြင်မထွက်ဘူးဟု ဆုံးဖြတ်ထားသောကြောင့်ပင်။ သူမရဲ့Manaက သူမခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေအောင် ထိန်းပေးထားနိုင်တာကြောင့် အင်္ကျီအပါးလေးဝတ်ထားရင်တောင် အေးစက်မှုကို မခံစားရချေ။

သူမအဖေရဲ့ပြောစကားတွေအရ သူမရဲ့မိခင်သည်လည်း သူမလိုပင် ခန္ဓာကိုယ်ကို နွေးအောင် လုပ်ထားနိုင်တဲ့Manaရှိပေသည်။

[ အဖေပြောသလောက်ဆိုရင် အမေ့Manaက အအေးဒဏ်ကို ခုခံထားနိုင်ရုံလောက်ပဲပေါ့ ]

Tillyဟာ နှင်းဆီနီဥယျာဉ်ထဲ၌ လက်ဖက်ရည်သောက်ရင်း တွေးနေလေ၏။
[ ရှက်စရာကောင်းတာက ခန္ဓာကိုယ်ကပဲ နွေးအောင်လုပ်ပေးနိုင်တဲ့ ငါ့Manaကြောင့် ငါ့ကိုယ်ငါ မီးဝိဇ္ဇာ(မီးကိုထိန်းချုပ်နိုင်သူ)လို့ တွေးမိခဲ့တာပဲ ]

သို့သော် Kihoရဲ့သားကို သူမ မွေးပေးနိုင်တဲ့အစွမ်းရှိနေခြင်းဟာ သူမကိုယ်ထဲမှ အနွေးဓါတ်နဲ့ ပတ်သက်နေမလားဟု Tilly တွေးနေမိဆဲပင်။ Tillyဟာ သူမရဲ့ပထမဘဝမှတ်ဉာဏ်တွေကို ယခုတွင် ဝိုးတိုးဝါးတားသာ မှတ်မိတော့သည်မို့ နည်းနည်းတော့ စိတ်ရှုပ်မိ၏။ အချိန်အတော်လေးကြာသွားခဲ့တာကြောင့် မမှတ်မိတာဖြစ်နိုင်ပေသည်။ သူမသည် သူမရဲ့ယခုမူလဘဝကို ပြန်မရောက်ခင် ဒုတိယဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသည်လေ။

[ ပထမဘဝမှာတုန်းက အသက်၃၀မှာ သေခဲ့တယ်။ နောက်တော့ ဒုတိယဘဝမှာ အသက်၂၈နှစ်မှာ ထပ်သေတယ်။ အခုငါ့မူလဘဝရဲ့အသက်၁၉နှစ်ကို ပြန်ရောက်လာတယ်ဆိုတော့ ဘဝအားလုံးက အသက်တွေအားလုံးကိုပေါင်းလိုက်ရင် ငါက အသက်၇၇နှစ်တောင် ဖြစ်နေပြီပဲ။ ဟားဟား ငါအိုနေပြီပေါ့ ]

" Tilly, သမီးက ဒီရောက်နေတာကို... "
Tillyသည် သူမဖခင်ကို တွေ့တဲ့အါ မတ်တပ်ရပ်လိုက်လေ၏။ သူမသည် သူမအဖေကို မနက်ကတည်းက မတွေ့ရသေးချေ။ အင်ပါယာသခင်က သူမအဖေကို ဆင့်ခေါ်ထားသောကြောင့်ပင်။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now