Chapter 3 (part 2)

1.3K 257 15
                                    

{Zawgyi}
ငါးအကြီးကြီးဖမ်းရလိမ့်မယ်(Part 2)

" Lady Prescottရဲ့ပွဲတက်ဂါဝန်လေးက အရမ်းလှတာပဲ " Isabellaသည် ထိုသို့ပြောပြီး စွဲမက်ဖွယ်ကောင်းလှတဲ့အပြာရောင်ပွဲတက်ဂါဝန်လေးကို ကြည့်နေလေ၏။
" အရောင်လေးကလည်း လှတယ်နော် မမလေး "

အပြာရောင်မြေလူးငှက်ဟာ Prescottအိမ်တော်ရဲ့သင်္ကေတဖြစ်၏။ ဒါ့ကြောင့် Tillyဝတ်လေ့ရှိသော်ဂါဝန်နှင့်အဝတ်အစား တော်တော်များများတွင် အပြာရောင်ပါတတ်စမြဲပင်။

ပေါ့ပါးပြီး ဝတ်ဆင်ရအဆင်ပြေတဲ့ဂါဝန်များ တဖြည်းဖြည်းခေတ်စားလာသော်လည်း ဒီကမ္ဘာမှ အမျိုးသမီးများသည် ကိုယ်ကျပ်အတွင်းဝတ်နဲ့ တွဲဖက်ဝတ်ဆင်ရသောဂါဝန်များကို နှစ်ခြိုက်စွာ ဝတ်ဆင်နေကြဆဲပင်။ ပေါ့ပါးပြီး ဝတ်ရအဆင်ပြေကာ သက်တောင့်သက်သာဖြစ်စေမည့်အဝတ်အစားတို့ ခေတ်စားလာရခြင်းအတွက် ဒီကမ္ဘာရဲ့ ' fashion icon 'ကို ကျေးဇူးတင်ရပေမည်။ သူမကြောင့် အင်ပါယာထဲတွင် ပေါ့ပါးတဲ့အဝတ်အစားများ ဝတ်လာကြခြင်းဖြစ်သည်။

[ ' fashion icon ' ဆိုတဲ့သူဟာ အခြားသူ မဟုတ်ပါဘူး။ မင်းသမီး Nia Moonchesterပဲပေါ့။ အင်ပါယာသခင်ရဲ့အမွှာညီဖြစ်သလို သူ့ရဲ့ဇနီးလောင်းလေ။ ငါလေး မှတ်မိသလောက်ဆိုရင် ငါနဲ့မင်းသမီးနဲ့က သူငယ်ချင်းကောင်းတြွေဖစ်ခဲ့ကြတာ။ ငါက သူမကို သစ္စာမဖောက်ခဲ့ချိန်ထိပေါ့ ]

Tillyသည် မနက်ဖြန်ညတွင် အင်ပါယာသခင်နှင့် မင်းသမီးတို့ရဲ့ စေ့စပ်ပွဲအခမ်းအနာ စားသောက်ပွဲကြီးကို တက်ရောက်ရပေမည်။ သူတို့နှစ်ဉီးရဲ့စေ့စပ်​မှုကို လွန်ခဲ့သောတစ်ပတ်ကပင် ကြေညာပြီးသားဖြစ်သည်။

သို့သော် ထိုစားသောက်ပွဲနေ့တွင် အခြားသောရည်ရွယ်ချက်တို့ ရှိနေလေတယ်။
[ မနက်ညကြရင် ငါနဲ့Kihoတို့ တရားဝင်တွေ့ရတော့မှာပဲ ]

သူမဟာ သူမရဲ့ခင်ပွန်လောင်းကို ပေးဖို့ရာ လက်ဆောင်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူမတို့နှစ်ဉီးAtlentaမှာ တိုက်တိုက်ဆိုင်ဆိုငိတွေ့တဲ့နေ့ကတည်းက သူမဟာ Kihoကို ဘာလက်ဆောင်ပေးမည်ကို စဉ်းစားမိသွားခြင်းဖြစ်၏။ Tillyသည် တော်ဝင်မြို့တော်ကို ပြန်ရောက်တဲ့နေ့၌ အတော်ဆုံး လက်မှုပညာသည်ဆီတွင် သူမလိုချင်သည့်ပစ္စည်းတွေကို ကြိုမှာခဲ့ပေတယ်။

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now