Chapter 4 (P3)

1.2K 225 10
                                    

Zawgyi
Chapter 4 ( part 3)

Tillyဟာ သူမ ငယ်စဉ်တည်းက သင်ခဲ့ရသောကျင့်ဝတ်တို့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်... ရှေးယခင်က သူမ ဆရာများပြောပြအရ အမျိုးသားများဟာ တခြားတော်ဝင်မျိုးနွယ်များရှေ့တွင် အလွန်စားသောက်တတ်သော အမျိုးသမီးများကို မကြိုက်တတ်ကြပေ...

' ဒီကမ္ဘာမှာ စိတ်ပျက်စရာကောင်းတာက အဲ့အချက်ပဲ...အမျိုးသမီးတွေက အမျိုးသားတွေကို ကိုယ့်ကို နှစ်သက်ဖို့နဲ့ သူတို့ပျိုးစုနိုင်ဖို့အတွက်ပဲ ငယ်ငယ်တည်းက လေ့ကျင့်နေထိုင်နေရတာ... ဘာပဲဖြစ်ဖြစ်အဲ့အချက်ကို ခေတ်သစ်ကမ္ဘာမှာလည်း တချို့တွေက သုံးနေတုန်းပဲ... ဒီအင်ပါယာမှာတော့ အမျိုးသမီးတွေက ဒီအချက်ကို လိုက်နာမှရမယ်ဆိုရပြီး ပြင်းပြင်းထန်ထန်အမိန့်ချထားဆဲပါပဲ... "

" ကျွန်တော်က တော်ဝင်မျိုးနွယ် မဟုတ်ပေမယ့် မိန်းကလေး ပြောတာကို နားလည်ပါတယ် " ဟု Kihoက အနည်းငယ်နူးညံ့သောလေသံဖြင့် ပြန်ပြောလာလေတယ်... ထို့ပြင် အနှီအမျိုးသားရဲ့မျက်နှာက အနည်းငယ်စိတ်သက်သာရသွားသည့်ပုံရလေ၏... " ဒီနေရာမှာ မိန်းကလေးကို မတွေ့လိုက်ဖူးလို့ သဘောထားလိုက်ပါ့မယ်... မိန်းကလေး စားနေတဲ့အချိန် ကျွန်တော်က ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထားပါ့မယ်..."

ထိုစဉ် Tillyမှ " ခဏ" ဟု ​ဆိုလိုက်ပြီးနောက် " ကျွန်မကပဲ ဒီနေရာကနေ ထွက်သွားပေးရမယ် ထင်တယ်... "

" ဘာဖြစ်လို့လဲ မိန်းကလေး? "

" ကျွန်မ ရှင်နဲ့ ကောလဟာလတွေ ထွက်လို့ မဖြစ်လို့လေ... "

" ကောလဟာလ? "

“ ပွဲထဲမှာ ကျွန်မ ကြားခဲ့တာရှိတယ်... မြွေနက်သူရဲကောင်းအဖွဲ့ရဲ့ဗိုလ်ချုပ်က Prescottအိမ်ကသမီးနဲ့ စေ့စပ်ထားတယ်ဆိုတာလေ... ” ဟု ပြောလိုက်ချေ၏... အမှန်တော့ ဒါဟာ သူမရဲ့သရုပ်ဆောင်မှု၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်... "

" ကျွန်တော် ဘယ်သူလဲဆိုတာ မိန်းကလေးက သိနေတာလား?"

" ရှင့်ရဲ့တံဆိပ်ကို ကျွန်မ တွေ့လိုက်တယ်လေ... " Tillyဟာ Kihoရင်ဘတ်မှ မြွေပုံသဏ္ဍာန်ရင်ထိုးကို ကြည့်ရင်း​ပြန်ဖြေလိုက်ချေ၏... ထိုရင်ထိုးဟာ မြွေနက်သူရဲကောင်းအဖွဲ့ရဲ့ခေါင်းဆောင်ကသာ တပ်ဆင်နိုင်သောရင်ထိုးဖြစ်ကြောင်းကို သူမ ပထမဘဝတုန်းက သိခဲ့ပြီးသားပင်... သူမ သာမက တခြားသောတော်ဝင်မျိုးနွယ်များကြားတွင် ထိုအ​ကြောင်းဟာ သာမာန်ဗဟုသုတတစ်ခုလိုပင်ဖြစ်နေချေပြီဖြစ်သည်... " မြွေနက်သူရဲကောင်းအဖွဲ့ခေါင်းဆောင်က မြို့စာPrescottရဲ့သမီးနဲ့ စေ့စပ်ကြောင်းလမ်းလုပ်ထားတယ်ဆိုတဲ့အကြောင်းကို ပွဲထဲက အမျိုးသမီးတွေပြောနေတာ ကြားလိုက်ရလို့ သိလိုက်ရတယ်... " သူမသည် ဆွဲဆောင်မှုပြင်းပြီးချောမောသော်လည်း တည်ငြိမ်နေသော Kihoရဲ့မျက်နှာကို မော့ကြည့်လိုက်ရင်းဖြင့် " ဗိုလ်ချုပ်...ကျွန်မဘက်ကနေ ကျွန်မကို လက်ထပ်ဖို့ပြောလိုက်တဲ့စကားကို မေ့လိုက်ပါတော့နော်... အဲ့စကားကို ကျွန်မဘက်က ပြန်ရုပ်သိမ်းလိုက်ပါ့မယ်..."

🦋ဗီလိန်မေမေ🦋 (mm translation)Where stories live. Discover now