ဆိုတော့ ခေါင်းသာ ညိတ်ပြတဲ့ ဘေဘီ~

"လာ ရေချိုးအုံးမှာလား ဘေဘီ~"

"ဟင့်အင်း"

"အင်း အဲ့တာဆို အင်္ကျီလဲပြီး ကိုယ့်ကို စောင့်နေနော်~ကိုယ် ဖုန်းတစ်ချက်သွားပြောလိုက်အုံးမယ်"

"အင်း"

ဆိုကာ ဒရေဂို ထွက်သွားတော့ ဟယ်ရီလည်း ဖုန်းထဲက no တစ်ခုကို နှိပ်လိုက်တယ်~

"ဘယ်လိုလဲ"

"အကုန်ok ပဲ နဂို နေရာပဲ~"

"အင်း အဲ့တာဆို ဒါပဲ ဆစ်ဒရစ် ညနေကျမှ အဲ့မှာတွေ့မယ်~"

"အင်း"

~~~~~~~~~~~~~~~~~~
ဒရေဂို ဟယ်ရီ့ကို ခနစောင့်ခိုင်းပြီး ရုံးကို ဖုန်းဆက်ဖို့ လုပ်လိုက်တယ်~ကိုယ်က Ceo မို့လို့ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပေမယ့် အနည်းဆုံး အသိတော့ပေးသင့်တယ်လေ~

"ဟယ်လို Ceo"

"အင်း ဒီနေ့ ငါမလာဘူး"

"ဟုတ်ကဲ့"

_တီ_

နောက်တော့ ရွန် ဆီကို ဖုန်းဆက်ရပြန်တယ်~

"ဟယ်လို"

"အင်း မင်းအိမ်မှာလား~"

"အေး ဘာလို့လဲ"

"ဘေဘီက မင်းကိုတွေ့ချင်လို့တဲ့ လာခဲ့မလို့~"

"ထူးထူးဆန်းဆန်း ငယ်လေးက ဘာလို့"

"ငါလည်း မသိဘူး ဘေဘီ ပုံမှန်မဟုတ်သလိုပဲကွ"

"ဘယ်လိုပုံမှန် မဟုတ်တာလဲ"

"ငိုတယ်"

"ဘာ!! ငယ်လေးက ဘာလို့လဲ မင်းသူ့ကို ဘာလုပ်လိုက်လို့လဲ!"

"ဖြည်းဖြည်းအော်စမ်းပါကွာ ငါလည်း မသိဘူး ဘေဘီက ဘာဆိုဘာမှ မပြောဘူး~အဲ့တာ ခနနေ ငါတို့ထွက်လာခဲ့မယ်လို့"

"အေး အေး ငါစောင့်နေမယ်"

__တီ__

ဒရေဂို့ဆီက ဖုန်းလည်း ကျသွားပေမယ့် ရွန်တစ်ယောက် အံ့ဩမှုက ရပ်တန့်မသွားသေး~ငယ်လေး ငိုနေတယ်တဲ့~တော်ရုံ မျက်ရည် မလွယ်တဲ့ ကလေးက ငိုနေတယ်ဆိုတော့ ဘာကိစ္စတွေများဖြစ်လို့လဲ ငယ်လေးရယ်~

~DON'T BLAME ME~Where stories live. Discover now