ပြောရင်း မျက်ရည်တွေ ကျလာတဲ့ ဟယ်ရီ~ထိုအချိန် သူ့မျက်ရည်တွေကို သုတ်ပေးလာတဲ့ လက်တစ်စုံ~

"ကိုယ့်ကို အဲ့လောက်တောင် အယုံအကြည်မရှိဘူးလား ကလေးလေးရာ~"

"Daddy!"

သူနိုးနေမှန်းသိတော့ အံ့ဩသွားတဲ့ မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာတဲ့ ဘေဘီ~ဒီကောင်လေးကို သူက ဘယ်လို စိတ်နဲ့ ထားခဲ့နိုင်မှာလဲ~

"ဘာတြွေဖစ်နေတာလဲ ကိုယ့်ကိုပြော~"

ကိုယ်အရင်တုန်းကလိုပဲ ဂျစ်ကန်ကန်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကိုယ့်ရဲ့အဆိုးလေးကိုပဲ လိုချင်တယ်လေ~ကလေးရယ်

သူမေးတာကို ပြန်မဖြေဘဲ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ပိုတိုး၍ငိုလာသော ကလေးငယ်ကြောင့် သူ့ရင်တစ်ခုလုံး မီးလောက်တိုက်သွင်းခံရသလို~နဂိုက မျက်ရည်မလွယ်တတ်တဲ့ ကလေးဟာ အခု ဘာကိစ္စတွေများကြောင့် တစ်သိမ့်သိမ့်တုန်အောင် ငိုနေရသလဲ~သေချာတာတော့ သူ့ကေလးငယ်ကို ပင်ပန်းစေတဲ့ ကိစ္စဟာ သူနဲ့တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ပတ်သက်နေမှာပဲ~အဲ့တော့ တရားခံဟာ ကိုယ်ပဲပေါ့ သည်းငယ်ရယ်~

"ဘေဘီ~"

"ဘာမှ မမေးပါနဲ့ မပြောချင်ဘူး~"

တစ်သက်လုံး လုပ်လာခဲ့~ဖုံးထားနိုင်ခဲ့တဲ့ အလုပ်တစ်ခုကို အခုကျမှ ဘာလို့ အသည်းခိုက်အောင် ကြောက်နေမှန်း ဟယ်ရီ ကိုယ့်ကိုကိုယ် နားမလည်နိုင်တော့ဘူး~အစ်ကို သိမှာတောင် နည်းနည်းလေးမှ မစိုးရိမ်ခဲ့တဲ့ ဟယ်ရီဟာ ဒီလူကြီး သိသွားမှာတော့ သေမတတ်ကြောက်ပါတယ်~သူ ဘာတွေ လုပ်မိခဲ့တာလဲ~

~~~~~~~~~~~~~~~~~
ကလေးလေး စိတ်ပေါ့ပါးသွားစေလိုငြားငြား ဒရေဂို ဘာဆိုဘာမှ မမေးဘဲ အသာလေး ဖက်ထားပေးလိုက်တယ်~ကိုယ်တိုင် သိချင်တာတွေ အရမ်းများနေပေမယ့်လို့ပေါ့~ခနကြာတော့~

"Daddy~"

အသံက တကယ့်ကို တိုးတိုးလေး~

"ပြော ဘေဘီ~"

"ကိုကို စီ သွားချင်တယ်~"

"အင်း ကိုယ်လိုက်ပို့ပေးမယ်နော် ကလေးလေး"

~DON'T BLAME ME~Where stories live. Discover now