"ဟယ်ရီ ရောက်လာပြီလား ဒရေဂိုရော~"

"ပါတယ် ကားပေါ်မှာ"

"မဆင်းခဲ့ဘူးလား"

"ကျွန်တော် နေခဲ့ခိုင်းတာ~"

"ဘာလို့လဲ"

"ကိုကိုနဲ့ နှစ်ယောက်တည်း စကားပြောချင်လို့~"

"အင်း ငယ်လေး ပြောလေ"

လို့ ပြောပြိိီး တော်တော်ကြာသည်အထိ ဘာစကားမှ မပြောသေးတဲ့ ဟယ်ရီ~ဒီစကားပြောဖို့ တော်တော် အားယူနေသလိုလိုနဲ့ မျက်ဝန်းတွေကလည်း တစ်ခုခုကို ထိတ်လန့်နေသယောင်~

"ကိုကို~"

"အင်း"

"ကျွန်တော်က ----------------"

ဟယ်ရီပြောလိုက်တဲ့ စကားအဆုံးရွန်လည်း ထိတ်လန့်သွားလေရဲ့~









~~~~~~~~~~~~~~~~~
ရှည်မယ်လို့တော့ ထင်တာပဲနော် ဟီးဟီး~မျှော်နေတဲ့ သူတွေ အားလုံး အာဝါးပါ😘

Luv u all🥰😘

#Thinn🐷


Zawgyi~

မနက်ခင်း ကျေးငှက်သံလေးတွေနဲ့ ပြတင်းပေါက်ကနေ ဖြာကျလာတဲ့ နေရောင်ခြည်လေးတွေကြောင့် ဟယ်ရီ နိုးလာခဲ့တယ်~

မနက်နိုးနိုးခြင်း မြင်လိုက်ရတဲ့ မျက်နှာချောချောကြောင့် သူ့မျက်နှာဟာ အော်တို ပြုံးပြီးသား~အိပ်နေရင်းတောင် ချောမောမှုက ရပ်တန့်မသွားသော အရှေ့က လူကြီးကို ကြည့်ရင်း သူ စိတ်ဆိုးမိပါသည်~ဒီမျက်နှာချောချောကို သူတစ်ယောက်တည်း မြင်နေရတာမှ  မဟုတ်တာ~

တစ်ယောက်တည်း မျက်နှာ အမူအရာပေါင်းစုံ ဖြစ်နေတဲ့ ကောင်လေးဟာ တစ်ခန အကြာမှာတော့ ငြိမ်ကျသွားပါလေရဲ့~~ဟယ်ရီဟာ သူ့ကို ဖက်ရင်း အိပ်ပျော်နေတဲ့ ဒရေဂို့မျက်နှာကို ဖြည်းဖြည်းချင်း ပွတ်သပ်နေရင်း~

"ခင်ဗျားကို သာ ဆုံးရှုံးရရင် မဟုတ်ဘူး အဲ့လို အတွေးတွေ ခေါင်းထဲရောက်လာရင်တောင် ကျွန်တော် ရုးမတတ်ပဲ တကယ်သာ ဆုံးရှုံးလိုက်ရရင် ကျွန်တော် သေသွားလိမ့်မယ်~ကျွန်တော် ဘယ်လိုလုပ်ရမလဲ ခင်ဗျားရယ်~ကျွန်တော်က ခင်ဗျားထင်တာထက်ကို ပိုဆိုးနေရင် ခင်ဗျား ကျွန်တော့်ကို ထားသွားတော့မှာလား~"

~DON'T BLAME ME~Donde viven las historias. Descúbrelo ahora