"ယုံတာ မယုံတာကတော့ မင်းတို့ အပိုင်းလေ ငါက ပြောပြရုံပဲ~ပြီးတော့ ပေါ်တာ မင်း Daddy သာ ဒီအကြောင်း သိသွားရင် မင်းကို ဆက်ပေါင်းမယ်ထင်လား~လူသတ်သမားရဲ့ သားကိုလေ ဟားဟား အော်မှားလို့ ကိုယ်တိုင်လည်း လူသတ်သမားဖြစ်နေတာပဲ"

"ငါ ငါမင်းကို ချက်ချင်း သတ်ပစ်လိုက်လို့ရတယ်နော်~"

"ငါ့အစ်မကို သတ်ခဲ့သလိုမျိုးလား လက်လေးတစ်ချက်တောင် မရွှံဘဲလေ~လုပ်လေ လုပ်လိုက်စမ်းပါ~"

ဟယ်ရီ့ ပါးစပ်ကသာ ပြောနေပေမယ့် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက သူ့အမိန်ကို မနာခံတော့သလိုမျိုး တုပ်တုပ်မျှ လုပ်မရဘူး~

"စိတ်မပူပါနဲ့ ငါဒီအကြောင်းကို လျှောက်ပြောဖို့ စိတ်ကူးမရှိဘူး~မင်းကို တစ်သက်လုံး  စိတ်ဒုက္ခတွေနဲ့ နေသွားစေချင်ရုံပဲ~တစ်သက်လုံး ကိုယ့်လိပ်ပြာကိုယ် မလုံပဲနဲ့ပေါ့~"

ဆိုကာ သူ့ဆိုင်ကယ် သူမောင်းပြီး ထွက်သွားသည့်တိုင် ဟယ်ရီ ဒီအတိုင်းသာ ရပ်ကြည့်နေမိတယ်~သူပြောခဲ့တာတွေ တကယ်ပဲလား~

"ဟယ်ရီ စိတ်ကိုလျှော့ ငါတို့ပြန်ရအောင်~"

"ဟင် အင်းအင်း Daddy ဆီသွားမယ်"

"အင်း ငါလိုက်ပို့ပေးမယ်"

ဆိုကာ ဟယ်ရီ့ကို ဆိုင်ကယ်ဉီးထုပ်စောင်းပေးကာ သူ့ဆိုင်ကယ် နောက်ကနေပဲ လိုက်စေပြိိီး ခေါ်လာခဲ့တော့တယ်~~

flash back end~~

~~~~~~~~~~~~~~~~~~~~
"ဘေဘီ~"

"-----"

"ဘေဘီ~~"

"-----"

ခေါ်နေတာကို လုံးဝမသိဘဲ စိတ်တွေ လွှင့်နေပုံပေါက်တဲ့ ဘေဘီ့ကို ကြည့်ရင်း ဒရေဂို သက်ပြင်းချမိပြန်တယ်~နောက်ပြီးမှ လက်မောင်းလေးကို အသာကိုင်လိုက်မှ လက်ရှိကမ္ဘာကို ပြန်ရောက်လာပုံရတဲ့ ဘေဘီ~

"ရောက်ပြိိီလား~"

"အင်း ဆင်းရအောင် ဘေဘီ~"

ဆိုတော့ ခေါင်းညိတ်ပြလေတယ်~နောက်တော့~

"Daddy ဒီမှာပဲ နေခဲ့ပါ~"

"အင်းပါ ဘေဘီ့သဘော~"

သူတစ်ယောက်တည်း ဆင်းသွားတဲ့ ကောင်လေးရဲ့ နောက်ကျောကို ငေးကြည့်ရင်း သူရင်မောရပြန်တယ်~

~DON'T BLAME ME~Where stories live. Discover now