"မင်း ဘာဖြစ်ချင်နေတာလဲ"

"ငါက မင်းသိသင့်တယ် ထင်တဲ့ အမှန်တရား တစ်ခုကို လာပြောပြတာပါ~"

"ဘာတွေ လာပြောနေတာလဲ"

"မင်းကိုယ်မင်း ဝေစလေလို့ ထင်နေတုန်းပဲလား"

"မင်း ဘာကို ဆိုလိုတာလဲ"

ထိုအချိန် ထမြည်လာတဲ့ ဟယ်ရီ့ရဲ့ဖုန်း~

"ဒီဖုန်းကလည်း ကျစ်!"

ဆိုကာ ဖုန်းကို ချပြစ်လိုက်ပြိိီး~

"ဆက်ပြော!"

"တစ်မိသားစုလုံးမှာမှ မင်းတစ်ယောက်တည်း ဒီလောက်လှတဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်ထားကတည်းက မင်းသိသင့်တာ~မင်း••••"

ထပ်မြည်လာတဲ့ ဖုန်းသံကြောင့် တစ်ဖက်လူက စကားစဖြတ်သွားတယ်~

ဟယ်ရီလည်း စိတ်မရှည်တော့တာကြောင့် ဖုန်းကို ပေါက်ခွဲပစ်လိုက်တယ်~

"မင်း ဘယ်သူလဲ!"

"ငါ ဘယ်သူလဲ ကို စိတ်မဝင်စားဘဲ ကိုယ့်ဟာကိုယ် ဘယ်သူလဲဆိုတာသာ ခေါင်းထဲထည့်ထားစမ်းပါ ပေါ်တာရဲ့~"

"ပေါ်တာ~"

ထိုလူ့နောက်ကနေ ဟယ်ရီ တိုးတိုးလေး ရေရွတ်မိလိုက်တယ်~ဘာတွေလဲ~

"ဟုတ်တယ် လူသတ်သမားဂျိမ်းပေါ်တာရဲ့ သား ဟယ်ရီပေါ်တာ~မင်း အမေ လီလီစီက အမွေရထားတဲ့ မျက်ဝန်းလေးတွေက တော်တော် လှတာပဲ~မင်း ဘာလို့ အခုချိန်ထိ လူတွေကို မျက်တောင် တစ်ချက်မခတ်ဘဲ သတ်နိုင်လဲ အခုသိပြီလား~သွေးက စကားပြောတယ်လေ ဟားဟား~"

"မင်း မင်းက ဒါတွေ ဘယ်လို သိတာလဲ~"

"ဒီလိုပဲ စုံစမ်းရတာပေါ့"

"မင်းကို ငါက ဘယ်လိုယုံရမှာလဲ!"

"မင်းရဲ့ကိုကိုဆိုတဲ့ ရွန့်ကိုမေးကြည့်လေ သူကတော့ မင်း ဘယ်သူလဲ အတိအကျ မသိလောက်ပေမယ့် သွေးသားအရင်းမဟုတ်တာတော့ သိထားမှာပေါ့~"

ဟယ်ရီ သူ့စကားကြားပြီး သွေးပျက်ကာ ခြေတစ်လှမ်း ယိုင်သွားတော့ ဆစ်ဒရစ်က ထိန်းပေးရင်း~

"ဟယ်ရီ စိတ်လျှော့ထား သူပြောတာ အမှန်တွေ ဟုတ်ချင်မှ ဟုတ်မှာ~"

~DON'T BLAME ME~Where stories live. Discover now