ဟယ်ရီလည်း စိတ်မရှည်တော့တာကြောင့် ဖုန်းကို ပေါက်ခွဲပစ်လိုက်တယ်~
"မင်း ဘယ်သူလဲ!"
"ငါ ဘယ်သူလဲ ကို စိတ်မဝင်စားဘဲ ကိုယ့်ဟာကိုယ် ဘယ်သူလဲဆိုတာသာ ခေါင်းထဲထည့်ထားစမ်းပါ ပေါ်တာရဲ့~"
"ပေါ်တာ~"
ထိုလူ့နောက်ကနေ ဟယ်ရီ တိုးတိုးလေး ရေရွတ်မိလိုက်တယ်~ဘာတွေလဲ~
"ဟုတ်တယ် လူသတ်သမားဂျိမ်းပေါ်တာရဲ့ သား ဟယ်ရီပေါ်တာ~မင်း အမေ လီလီစီက အမွေရထားတဲ့ မျက်ဝန်းလေးတွေက တော်တော် လှတာပဲ~မင်း ဘာလို့ အခုချိန်ထိ လူတွေကို မျက်တောင် တစ်ချက်မခတ်ဘဲ သတ်နိုင်လဲ အခုသိပြီလား~သွေးက စကားပြောတယ်လေ ဟားဟား~"
"မင်း မင်းက ဒါတွေ ဘယ်လို သိတာလဲ~"
"ဒီလိုပဲ စုံစမ်းရတာပေါ့"
"မင်းကို ငါက ဘယ်လိုယုံရမှာလဲ!"
"မင်းရဲ့ကိုကိုဆိုတဲ့ ရွန့်ကိုမေးကြည့်လေ သူကတော့ မင်း ဘယ်သူလဲ အတိအကျ မသိလောက်ပေမယ့် သွေးသားအရင်းမဟုတ်တာတော့ သိထားမှာပေါ့~"
ဟယ်ရီ သူ့စကားကြားပြီး သွေးပျက်ကာ ခြေတစ်လှမ်း ယိုင်သွားတော့ ဆစ်ဒရစ်က ထိန်းပေးရင်း~
"ဟယ်ရီ စိတ်လျှော့ထား သူပြောတာ အမှန်တွေ ဟုတ်ချင်မှ ဟုတ်မှာ~"
"ယုံတာ မယုံတာကတော့ မင်းတို့ အပိုင်းလေ ငါက ပြောပြရုံပဲ~ပြီးတော့ ပေါ်တာ မင်း Daddy သာ ဒီအကြောင်း သိသွားရင် မင်းကို ဆက်ပေါင်းမယ်ထင်လား~လူသတ်သမားရဲ့ သားကိုလေ ဟားဟား အော်မှားလို့ ကိုယ်တိုင်လည်း လူသတ်သမားဖြစ်နေတာပဲ"
"ငါ ငါမင်းကို ချက်ချင်း သတ်ပစ်လိုက်လို့ရတယ်နော်~"
"ငါ့အစ်မကို သတ်ခဲ့သလိုမျိုးလား လက်လေးတစ်ချက်တောင် မရွှံဘဲလေ~လုပ်လေ လုပ်လိုက်စမ်းပါ~"
ဟယ်ရီ့ ပါးစပ်ကသာ ပြောနေပေမယ့် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက သူ့အမိန်ကို မနာခံတော့သလိုမျိုး တုပ်တုပ်မျှ လုပ်မရဘူး~
"စိတ်မပူပါနဲ့ ငါဒီအကြောင်းကို လျှောက်ပြောဖို့ စိတ်ကူးမရှိဘူး~မင်းကို တစ်သက်လုံး စိတ်ဒုက္ခတွေနဲ့ နေသွားစေချင်ရုံပဲ~တစ်သက်လုံး ကိုယ့်လိပ်ပြာကိုယ် မလုံပဲနဲ့ပေါ့~"
ဆိုကာ သူ့ဆိုင်ကယ် သူမောင်းပြီး ထွက်သွားသည့်တိုင် ဟယ်ရီ ဒီအတိုင်းသာ ရပ်ကြည့်နေမိတယ်~သူပြောခဲ့တာတွေ တကယ်ပဲလား~
"ဟယ်ရီ စိတ်ကိုလျှော့ ငါတို့ပြန်ရအောင်~"
"ဟင် အင်းအင်း Daddy ဆီသွားမယ်"
"အင်း ငါလိုက်ပို့ပေးမယ်"
ဆိုကာ ဟယ်ရီ့ကို ဆိုင်ကယ်ဉီးထုပ်စောင်းပေးကာ သူ့ဆိုင်ကယ် နောက်ကနေပဲ လိုက်စေပြီး ခေါ်လာခဲ့တော့တယ်~~
flash back end~~
~~~~~~~~~~~~~~~~~~~~
"ဘေဘီ~"
"-----"
"ဘေဘီ~~"
"-----"
ခေါ်နေတာကို လုံးဝမသိဘဲ စိတ်တွေ လွှင့်နေပုံပေါက်တဲ့ ဘေဘီ့ကို ကြည့်ရင်း ဒရေဂို သက်ပြင်းချမိပြန်တယ်~နောက်ပြီးမှ လက်မောင်းလေးကို အသာကိုင်လိုက်မှ လက်ရှိကမ္ဘာကို ပြန်ရောက်လာပုံရတဲ့ ဘေဘီ~
"ရောက်ပြီလား~"
"အင်း ဆင်းရအောင် ဘေဘီ~"
ဆိုတော့ ခေါင်းညိတ်ပြလေတယ်~နောက်တော့~
"Daddy ဒီမှာပဲ နေခဲ့ပါ~"
"အင်းပါ ဘေဘီ့သဘော~"
သူတစ်ယောက်တည်း ဆင်းသွားတဲ့ ကောင်လေးရဲ့ နောက်ကျောကို ငေးကြည့်ရင်း သူရင်မောရပြန်တယ်~
"ဟယ်ရီ ရောက်လာပြီလား ဒရေဂိုရော~"
"ပါတယ် ကားပေါ်မှာ"
"မဆင်းခဲ့ဘူးလား"
"ကျွန်တော် နေခဲ့ခိုင်းတာ~"
"ဘာလို့လဲ"
"ကိုကိုနဲ့ နှစ်ယောက်တည်း စကားပြောချင်လို့~"
"အင်း ငယ်လေး ပြောလေ"
လို့ ပြောပြီး တော်တော်ကြာသည်အထိ ဘာစကားမှ မပြောသေးတဲ့ ဟယ်ရီ~ဒီစကားပြောဖို့ တော်တော် အားယူနေသလိုလိုနဲ့ မျက်ဝန်းတွေကလည်း တစ်ခုခုကို ထိတ်လန့်နေသယောင်~
"ကိုကို~"
"အင်း"
"ကျွန်တော်က ----------------"
ဟယ်ရီပြောလိုက်တဲ့ စကားအဆုံးရွန်လည်း ထိတ်လန့်သွားလေရဲ့~
•
•
•
•
•
•
•
•
•
~~~~~~~~~~~~~~~~~
ရှည်မယ်လို့တော့ ထင်တာပဲနော် ဟီးဟီး~မျှော်နေတဲ့ သူတွေ အားလုံး အာဝါးပါ😘
Luv u all🥰😘
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-12{U/Z}
Start from the beginning
